ပဲဟင်းစားရတာကို ကြိုက်သူတွေအနေနဲ့ ပဲနှပ်ဟင်းချက်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
- ပဲ (အခွံနွှာထားပါ)
- ကြက်သွန်နီ၊ ကြက်သွန်ဖြူ (ထောင်းထားပါ)
- သကြား အနည်းငယ်
- ဆား
- ဆနွင်းမှုန့်
- ဆီ.
- ငပိ
- ရေနွေးနွေးလေး
ပြုလုပ်ပုံ
ဒယ်အိုးထဲကို ဆီထည့်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆား၊ သကြား၊ ဆနွင်းမှုန့်၊ ငပိ တို့ကို ထည့်တည်ပါ ။
ပြီးလျှင် ပဲနှပ်အောင် ရေနွေးလေးထည့်ပါ။
ပဲအိပြီး ရေခမ်းခါနီးတွင် မီးလျှော့ပြီး အိုးလှုပ်ချက်ပါ ။
အရသာ စိတ်ကြိုက်ပြင်ဆင်ပါ။
ဆီပြန်ပြီး မွှေးလာလျှင်စွာ သုံးဆောင်နိုင်ပါပြီ။
Credit: Yadana Cooking