အရသာခါးပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဂွေးတောက်ရွက်ကို ဟင်းချိုသောက်စားလေ့ရှိပေမယ့် ကြော်စားတာမျိုးကတော့ ရှားပါလိမ့်မယ်။

ပါဝင်ပစ္စည်း

  • ဂွေးတောက်ရွက် (ရေနွေးဖျောထားပါ)
  • ကြက်သွန်နီ (ထောင်းထားပါ)
  • ကြက်သွန်ဖြူ (ထောင်းထားပါ)
  • မြေပဲ (လှော်ပြီးထောင်းထားပါ)
  • ဆား၊ ဆနွင်း၊ Dashi၊ ဆီ၊ ပုဇွန်ခြောက် (ထောင်းထားပါ)

ပြုလုပ်နည်း

ဒယ်အိုးထဲကို ဆီထည့် ကြက်သွန်နီဖြူ၊ ကြက်သွန်နီ၊ ဆနွင်း ထည့်ဆီသတ်ပါ။ ပုဇွန်ခြောက်ထည့် မွှေးလာလျှင် မြေပဲထည့်ပါ။

ပြီးလျှင် ဂွေးတောက်ရွက် ထည့်ပြီး အရသာ စိတ်ကြိုက်ပြင်၍ သုံးဆောင်နိုင်ပါသည်။

Credit: Yadana Cooking