ငါးခူကို ကြော်တယ် ချက်စားတယ်ဆိုပေမယ့် အကောင်လိုက်သာ စားဖူးကြမှာပါ။ အသားလွှာပြီးတော့က တခါတလေမှာ ရဲယိုရွက်နဲ့တော့ စားလေ့ရှိပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ ရဲယိုရွက်လည်းမပါဘဲ ငါးခူအသားလွှာဆီပြန်ဟင်းလေး ချက်စားကြည့်ကြမယ်။

ပါဝင်ပစ္စည်းများ

  • ငါးခူ (အသားနွှာပြီးအ၇ွယ်တော်တုံးထားပါ)
  • ကြက်သွန်နီ (ထောင်းထားပါ)
  • ကြက်သွန်ဖြူ (ထောင်းထားပါ)
  • ဂျင်း (ထောင်းထားပါ)
  • ငရုတ်နှစ်
  • ဆနွင်း
  • ဆား
  • အချိုမှုန့်
  • ငံပြာရည်
  • ငရုတ်သီးစိမ်း
  • နံနံပင်

ပြုလုပ်နည်း

ငါးခူအသားလွှာကို ဂျင်းရည်၊ ဆား၊ အချိုမှုန့်၊ဆနွင်း၊ငံပြာရည်နယ်ပြီး ၁၅မိနစ်လောက် နှပ်ထားပါ။ ဒယ်အိုးထဲ ဆီထည့် ဂျင်းအနည်းငယ်၊ ကြက်သွန်ဖြူနီ ထောင်းထားတာ ငရုတ်နှစ်ထည့်ပြီး မွှေးလာအောင် ဆီသတ်ပြီး ငါးထည့်ပါ။

အသားကျစ်လာလျှင် ရေအနည်းငယ် ထည့်ပြီး ဆီပြန်အောင်ချက်ပါ။ (မီးမပြင်းရပါ) ဆီပြန်ခါနီး အရသာ စိတ်ကြိုက်ပြင်ဆင်ပါ။

ငရုတ်သီးစိမ်း ထည့်ပြီး နံနံပင်အုပ်ရ်ျ သုံးဆောင်နိုင်ပါသည်။

Credit: Yadana Cooking