ကင်းပုံသီးက ကျန်းမာရေးနဲ့ညီညွတ်လို့ လူကြီးအများစု မကြာခဏစားလေ့ရှိပါတယ်။ ဒီလိုမျိုး ကြော်စားချက်စားနေကြ ကင်းပုံသီးကို ဒီတစ်ခါမှာတော့ မျှစ်လေးနဲ့ ရောပြီးကြော်စားကြည့်ရအောင်။

ပါဝင်ပစ္စည်း

ကင်းပုံသီး (လေးစိတ်စိပ်ထားပြီးအစေ့ထုတ်သန့်စင်ထားပါ)

မျှစ် (ပြုတ်ထားပါ)

ပုဇွန်ခြောက် (ရေဆေးပြီးထောင်းထားပါ) (ထောင်းထားပါ)

ကြက်သွန်နီ (ထောင်းထားပါ)

ကြက်သွန်ဖြူ (ထောင်းထားပါ)

ဆား

ဆနွင်းမှုန့်

Dashi မှုန့်

ငရုတ်နှစ်

ဆီ

ပြုလုပ်နည်း

ဒယ်အိုးထဲကို ဆီထည့် ပူလာလျှင် ကြက်သွန်နီ ကြက်သွန်ဖြူ ဆနွင်းထည့် ဆီသတ်ပါ။ ပုဇွန်ခြောက်ထည့်ပါ။ မွှေးလာလျှင် ငရုတ်နှစ်ထည့်ပြီး မျှစ်ထည့်ပြီးမွှေပါ။

ပြီးလျှင် ကင်ပုံသီး၊ ဆား၊ Dashi ထည့်ပါ။ ရေအနည်းငယ်ထည့်ပြီး ခဏအုပ်ထားပါ။ အရသာ စိတ်ကြိုက် ပြင်ဆင်ပါ။

ဆီပြန်လာလျှင် သုံးဆောင်နိုင်ပါသည်။

Credit: Yadana Cooking