မင်္ဂလာပါ။ အခုလိုမိုးရာသီအချိန်ရောက်တဲ့အခါ အပြင်ထွက်ဖို့ဆိုတာကလည်း အလွန်ကိုခဲယဉ်းလာပါတယ်။ ဒီလိုအခါမှာ အိမ်မှာနေရင်းနဲ့ လုပ်စားနိုင်မယ့် သွားရေစာလေးတစ်မျိုးကို ပြောပြပေးချင်ပါတယ်။ ဈေးကနေဝယ်ထားတဲ့ ပုစွန်ကို မုန့်နှစ်လေးတွေနဲ့ အလွယ်တကူကြော်စားနိုင်မယ့် နည်းလမ်းကောင်းလေးတစ်ခုပါ။

ပါဝင်ပစ္စည်း

  • ပုဇွန်အသေး ( ခေါင်းခွံကိုယ်ခွံအကုန်ခွာထားပါ)
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ဂျင်း
  • ပဲမှုန့်အကျက်
  • အချိုမှုန့်
  • ဆား
  • ဆနွင်း
  • ဆိုဒါ
  • ရေ

ပြုလုပ်ပုံ

ပုဇွန်ကို ဆားအနည်းငယ်ထည့်ပြီး ဆနွင်း၊ အချိုမှုန့်နယ်ထားပါ။ ငရုတ်ဆုံထဲတွင် ကြက်သွန်နီဖြူ ၊ဂျင်း၊ ပုဇွန် ထည့်ထောင်းပါ။ ပုဇွန်ကို မညှက်တညှက် ထောင်းပါ။

ပြီးလျှင် ပဲမှုန့်အကျက်၊ ဆိုဒါ၊ ရေအနည်းငယ် ထည့်ပြီး ၁၅မိနစ်လောက်နှပ်ထားပါ။ ဒယ်အိုးထဲ ဆီထည့်၊ ဆီကျက်လျှင် အပြားလေးများ ပြုလုပ်ပြီး ထည့်ကြော်ပါ။ (မီးမပြင်း၇ပါ)

အရောင်ရဲ လာအောင်ကြော်ပါ။ အရသာ ရှိစွာ သုံးဆောင်နိုင်ပါသည်။

Credit: Yadana Cooking