ဒညင်းသီးကအများကြီးစားလွန်းရင် ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတာသိပေမယ့်လည်း လူအများစုကတော့ စားသုံးနေဆဲပါပဲ။ ဒီလိုလူကြိုက်များတဲ့ ဒညင်းသီးကို ဒီတစ်ခါမှာတေ့ ငပိချက်လေးဖြစ်အောင် ချက်စားကြမယ်။

ပါဝင်ပစ္စည်း

  • ဒညင်းသီး (ပြုတ်ထားပြီးအရွယ်တော်လှီးထားပါ)
  • ကြက်သွန်နီ (ထောင်းထားပါ)
  • ကြက်သွန်ဖြူ (ထောင်းထားပါ)
  • ငရုတ်နှစ်
  • ငရုတ်ခွဲကြမ်း
  • ပုဇွန်ခြောက် (ထောင်းထားပါ)
  • ငပိ
  • ဆား
  • ဆနွင်း
  • ဆား
  • dashi
  • ဆီ
  • ခရမ်းချဉ်သီး (လှီးထားပါ)
  • ငရုတ်သီးစိမ်း

ပြုလုပ်နည်း

ဒယ်အိုးထဲ ဆီပူလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ဆနွင်းထည့် ဆီသတ်ပါ။ ခရမ်းချဉ်သီးထည့်ပြီး လိပ်လာလျှင် ပုဇွန်ခြောက်ထည့်ပြီး ငရုတ်နှစ်ထည့်ပါ။ ပြီးလျှင် ငပိ၊ငရုတ်ခွဲကြမ်း ထည့်ပါ။

မွှေးလာလျှင် ဒညင်းသီးထည့်ပြီး ရေထည့်ပါ။ ဆား၊ dashiထည့်ပြီး ဆီပြန်အောင် ချက်ပါ။ အရသာ စိတ်ကြိုက် ပြင်ဆင်ရ်ျ ဆီပြန်လျှင် ငရုတ်သီးစိမ်းအုပ်ပြီး သုံးဆောင်နိုင်ပါသည်။

Credit: Yadana Cooking