(Unicode)

Hello everyone! For all the fried tofu lovers who always make sure to order fried tofu whenever buying fried snacks, this time I'd like to share a recipe for fried egg tofu mixed with egg and spring onion.

Ingredients

  • 2 to 3 pieces of tofu (cut into 1.5 cm thick slices)
  • 1 egg (beaten well)
  • 3 stalks of spring onion (thinly sliced)
  • A little salt and ground pepper
  • A little corn flour and oil

Step-by-step method

1. After thinly slicing the spring onions, put them into a bowl. Crack 1 egg into the same bowl, add salt and ground pepper, and beat well until evenly combined.

2. Wash the tofu with water, then cut it into pieces about 1.5 cm thick and 4 cm wide.

3. Next, coat the tofu pieces with corn flour. Then dip them into the spring onion and egg mixture.

4. Heat a pan and add oil. Once the oil is hot, fry the tofu pieces one by one. Both sides of the tofu need to be fried.

5. Once the tofu turns golden brown, remove from the pan, transfer to a plate, and let it cool down. Once cooled, you can enjoy it deliciously with your favorite sour sauce.

Source: Chinasichuanfood.com

(Zawgyi)

အားလုံးပဲ မင်္ဂလာပါ။ အကြော် ဝယ်စားတဲ့အခါ တို့ဟူးကြော်ကို မပါမဖြစ်ပါအောင် ဝယ်စားလေ့ရှိတဲ့ တို့ဟူးကြော်ချစ်သူတွေအတွက် ဒီတစ်ခါမှာတော့ ကြက်ဥ ကြက်သွန်မြိတ်တို့နဲ့ ရောကြော်ထားတဲ့ ကြက်ဥ တို့ဟူးကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • တို့ဟူး ၂ တုံး၊ ၃ တုံးခန့် (၁.၅ စင်တီမီတာအထူ လှီးဖြတ်ထားပါ)
  • ကြက်ဥ ၁ လုံး (မွှေခလောက်ထားပါ)
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ပြောင်းမှုန့်နှင့် ဆီအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သွန်မြိတ်များကို ပါးပါးလှီးပြီးနောက် ပန်းကန်လုံးတစ်လုံးထဲ ထည့်ထားလိုက်ပါ။ ထိုပန်းကန်ထဲသို့ ကြက်ဥ ၁ လုံးကို ဖောက်ထည့်ပြီး ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် မွှေခလောက်လိုက်ပါ။

၂။ တို့ဟူးကို ရေနှင့် ဆေးပြီးနောက် ၁.၅ စင်တီမီတာ အထူနှင့် ၄ စင်တီမီတာ အကျယ်ခန့် လှီးဖြတ်ထားလိုက်ပါ။

၃။ ထို့နောက် တို့ဟူးများကို ပြောင်းမှုန့်နှင့် ကပ်ထားပေးလိုက်ပါ။ ပြီးရင် ကြက်သွန်မြိတ် ကြက်ဥအနှစ်ထဲသို့ ထည့်နှစ်လိုက်ပါ။

၎။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်လိုက်ပါ။ ဆီပူလာပါက တို့ဟူးတုံး တစ်တုံးချင်းစီကို ထည့်ကြော်ပေးလိုက်ပါ။ တို့ဟူး နှစ်ဖက်စလုံးကို ကြော်ပေးရပါမယ်။

၅။ တို့ဟူးများ ရွှေညိုရောင်ပြောင်းသွားပါက အိုးထဲမှ ဆယ်ယူပြီး ပန်းကန်ပြားထဲပြောင်းထည့်ကာ အအေးခံထားလိုက်ပါ။ အေးသွားပြီိဆိုရင်တော့ မိမိနှစ်သက်ရာ အချဉ် ဆော့စ်တစ်မျိုးမျိုးဖြင့် အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Chinasichuanfood.com