Loading Events
This event has passed.

The Chaîne des Rôtisseurs,Bailliage du Myanmar မှနေပြီး တတိယအကြိမ်မြောက် ဥရောပအစားအသောက်ပွဲတော်ကြီးကို ဇူလိုင်လ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Rose Garden Hotel မှာ ညနေ ၄ နာရီမှ ၁၀ နာရီအထိ စည်စည်ကားကား ကျင်းပသွားမယ့် သတင်းကောင်းကို စာဖတ်သူများအတွက် လက်ဆင့်ကမ်းပေးချင်ပါတယ်။

ရန်ကုန်မြို့အတွင်းရှိ အကောင်းတကာ့အကောင်းဆုံးသော ဥရောပစားသောက်ဆိုင်များမှ အစားအသောက်ချစ်သူတိုင်းကို ဆွဲဆောင်နိုင်မယ့် နိုင်ငံပေါင်း ၂၀ ကျော်ရှိ အစားအသောက်အစုံအလင်ကို ခင်းကျင်းပြသပေးသွားမှာဖြစ်ပါတယ်။

ဝင်ကြေးအနေနဲ့ တစ်ဦးလျှင် ၅၀၀၀ ကျပ် ကျသင့်သွားမှာဖြစ်ပြီး ဘီယာ နှင့် အအေးများ Free-flow ပါဝင်သွားမှာဖြစ်သလို အစားအသောက်များ၊ ဝိုင်များ နှင့် ကော့တေးတွေအတွက်ကတော့ ၃၀၀၀ ကျပ်မှ စတင်ကောက်ခံသွားမှာဖြစ်ပါတယ်။ အစားအသောက်ကူပွန်များပါဝင်သွားမယ့် အဖွဲ့လိုက် Packages တွေနှင့် Early Bird လက်မှတ်တွေကိုတော့ ဇူလိုင်လ ၁၄ ရက်နေ့မတိုင်ခင်အထိ မြို့နယ်အနှံ့အပြားရှိ သတ်မှတ်ထားတဲ့ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။

နေ့ခင်းနှင့် ညနေဖက်အချိန်တွေမှာလည်း Irish folk, Old-School British Rock, German Hip-Hop, ဒေသခံကျောင်းများမှ ရိုးရာအကများ စတာတွေနဲ့  ကြွရောက်လာကြတဲ့ ဧည့်ပရိတ်သတ်များ ပျင်းတယ်မရှိရအောင် ဖျော်ဖြေပေးသွားအုံးမှာပါ။

ထိုမျှသာမက ယမန်နှစ်တွေတုန်းကလိုပဲ ပွဲတော်ကနေ ရရှိလာမယ့် အကျိုးအမြတ်အားလုံးကို လိုအပ်တဲ့နေရာတွေမှာ တက်တက်ကြွကြွနဲ့ ပေးအပ်လှူဒါန်းသွားမှာဖြစ်ပါတယ်။

ဒီလိုမျိုး ပျော်ရွှင်စရာ အချိန်လေးတွေ ပိုင်ဆိုင်နိုင်မယ့် အစီအစဉ်မှာ အတူတကွပါဝင်သွားမယ့် ဟိုတယ်တွေ၊ ဘားတွေကတော့ Mahlzeit, Rose Garden Hotel Yangon, 57Below, L’Opera, Pun & Projects, The Savoy Hotel, Casa Mia, Hilton Hotels, Prime Cut, The Chatrium Hotel, The Penthouse, The Melia Hotel, Shwe Sab We, Pullman Yangon Centrepoint, Kalaw Heritage Hotel, Ibis Style Yangon, Parkroyal Yangon, Bulgarian Yoghurt, The Myanmar Deaf Chefs Association, Envoy & Le Planteur, Orng’s Kitchen, Ô’Thentic and Novotel & Sofitel Inle lake တို့ပဲဖြစ်ပါတယ်။

တတိယအကြိမ်မြောက် ဥရောပအစားအသောက်ပွဲတော်ကြီးနဲ့ ပတ်သက်လို့ အသေးစိတ်ကို သိရှိလိုတယ်ဆိုရင်တော့ [email protected]  မှတဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ်။

Go to Top