စာဖတ်သူများအတွက် ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ အလွယ်တကူချက်ပြုတ်နိုင်တဲ့ ကြက်သွန်ဖြူ၊ အာလူးထောင်းလေးပဲဖြစ်ပါတယ်။ နူးညံ့တဲ့အထိအတွေနဲ့ ပါးစပ်ထဲမှာပျော်ဝင်သွားမယ့် ဒီဟင်းလျာလေးက ကလေး၊ လူကြီး မရွေး နှစ်ခြိုက်ကြမှာ အသေအချာပါ။ အချိန်လည်းသိပ်မယူ၊ ပါဝင်ပစ္စည်းကလည်းသိပ်မများ၊ အရသာကလည်း ကောင်းမှကောင်းဆိုတော့ ပြောနေစရာမလိုတော့ဘဲ အခုပဲချက်လိုက်ကြရအောင်နော်။