ပါဝင်ပစ္စည်း
ကြက်သား (အတုံးသေးသေးတုံးထားပါ)
ပဲပြားခြောက် (ရေစိမ်ထားပါ)၊ အရွယ်တော်ညှပ်ထားပါ
ကြွက်နားရွက်မှို (ရေစိမ်ထားပါ)သန့်စင်ထားပါ
ငုံးဥ၊ ဘဲဥ ကိုပြုတ်ပြီး ပါးပါးလှီးထားပါ
ပဲကြာဇံ (ယိုးဒယား ထုပ်သုံးထားပါတယ်)
ကြက်သွန်ဖြူ
ကြက်သွန်နီ
ဂျင်း (ထောင်းထားပါ)
သကြား အနည်းငယ်
ဆား
ငံပြာရည်
ငရုတ်ကောင်းမှုန့်
ပြုလုပ်နည်း
ချက်မည့်အိုးထဲကို ကြက်သား၊ ဆား၊ ဆနွင်းမှုန့်၊ ငရုတ်နှစ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ငံပြာရည် ထည့်ပြီးလုံးပါ။ အနံ့မွှေးလျှင် ရေထည့် ပွက်ပွက်ဆူအောင် တည်ပါ။ ကြွက်နားရွက်၊ မှို၊ ပဲပြားခြောက်၊ ရေစိမ်ထားတာ ထည့်ပါ။
ကြာဇံက ယိုးဒယား ထုပ်ထည့်ချက်တာမို့ ရေဆေးပြီးထည့်ပါ။ ရေစိမ်စရာမလိုပါ။ ငုံးဥ၊ ဘဲဥ၊ ကြက်သွန်နီဥ ထည့်ပါ။ အရသာကို စိတ်ကြိုက် ပြင်ဆင်ပါ။
ငရုတ်ကောင်းမှုန့် ထည့်ပြီး သုံးဆောင်နိုင်ပါသည်။ ငါးဖယ်ကို အလုံးလေးလုပ်ပြီး ထည့်၍ သုံးဆောင်နိုင်ပါသည်။
Credit: Yadana Cooking