ငါးသလောက်ဥဟာ ဈေးကြီးသလောက် စားလို့လည်းကောင်းပါတယ်နော်။ ဒီလိုကောင်းမွန်တဲ့ ငါးသလောက်ဥကို စားလို့ကောင်းအောင် ဒီလိုချက်ကြမယ်။
ပါဝင်ပစ္စည်း
- ငါးသလောက်ဥ
- ကြက်သွန်ဖြူ (ထောင်းထားပါ)
- ကြက်သွန်နီ (အဝိုင်းလှီးထားပါ)
- ခရမ်းချဉ်သီး (အဝိုင်းလှီးထားပါ)
- ဆား၊ ဆနွင်း၊ dashi၊ ဆီ၊ ရေ
ပြုလုပ်နည်း
- ငါးသလောက်ဥ ကိုဆား၊ ဆနွင်း၊ dashi၊ ဆီ၊ ရေအနည်းငယ် ထည့်ပြီး ပြုတ်ကြော် ချက်ပါ။ ရေအနည်းငယ် ကျန်လျှင်ချထားပါ။
- ဒယ်အိုးထဲ ဆီပူလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး ထည့် ဆီသတ်ပါ။ နွမ်းလျှင် ငါးသလောက်ဥ ထည့်ပါ။
- အရသာ စိတ်ကြိုက်ပြင်ဆင်ပြီး ဆီပြန်လျှင် ကျက်ပါပြီ။ အရသာရှိစွာ သုံးဆောင်နိုင်ပါသည်။
Credit: Yadana Cooking