ပါဝင်ပစ္စည်းများ

  • ခေါက်ဆွဲ အပိုင်းပြား (ရေနွေးဖျောထားပါ)
  • ပုဇွန်အသေး ၊ ကြက်သား (အတုံးသေးတုံးထားပါ)
  • ၀က်ခေါက်ပြားခြောက် (ရေစိမ်ထားပါ)
  • ဂေါ်ဖီ
  • ခါကြက်ဥ
  • ရွှေပဲသီး( ကြိုက်နှစ်သက်ရာအသီးအနှံ့)
  • ငုံးဥ ပြုတ်ထားပါ
  • ပဲငံပြာရည်
  • ခရုဆီ
  • ဆား
  • အချိုမှုန့်
  • ဆီ
  • သကြား
  • ကြက်သွန်ဖြူ
  • တရုတ်နံနံပင်

ပြုလုပ်နည်း

ဒယ်အိုး ထဲကို ဆီ၊ ကြက်သွန်ဖြူ ထုထည့်ပြီး ရဲလာလျှင် ကြက်သား၊ ပုဇွန်၊ ခရုဆီ ထည့်ကြော်ပါ။ ၀က်ခေါက်ခြောက် ရေစိမ်ထားတာ ထည့်ပါ။ အသီးအရွက်၊ သကြား၊ ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် ထည့်ပါ။

ပြီးလျှင်ခေါက်ဆွဲ ထည့်ပြီး အရသာ စိတ်ကြိုက် ပြင်ဆင်ပါ။ ငုံးဥထည့်၍ တရုတ်နံနံ အုပ်ပြီးလျှင် သုံးဆောင်နိုင်ပါသည်။ အချဉ် (ကြက်သွန်နီ၊ ငရုတ်သီးစိမ်း မထူမပါး ပေါ်တွင် သံပုရည်ညှစ်ပြီး သုံးဆောင်နိုင်ပါသည်။)

Credit: Yadana Cooking