ပါဝင်ပစ္စည်း
- မြီးရှည်မုန့်ဖတ်
- ၀က်သား( အခေါက်အသား)
- ဆန်စိမ်းမှုန့်
- ပဲပင်ပေါက်အတို
- ၀က်ဆီဖတ်ကြော်
- ကြက်သွန်ဖြူ
- ဂျင်း
- သကြားအနည်းငယ်
- တရုတ်တ်နံနံပင်
- ငရုတ်နှစ်၊ ငရုတ်သီးခွဲကြမ်းမှုန့်
- ငရုတ်ကောင်းမှုန့်
- ဆီ
- ဆား
- ရှောက်ကော-ပတ်ကောမှုန့်
- ပဲငါးပိ အငံ
- ဗမာမုန်လာချဉ်
ပြုလုပ်နည်း
ဝက်သားကို ဆား၊ ရှောက်ကော-ပတ်ကောမှုန့်တို့နှင့် နယ်ပြီး ဂျင်းထုထည့်ရေကို အသားမြုပ်ရုံ ထည့် ပြီး ပြုတ်ပါ။
မြီးရှည်မုန့်ဖတ်ကို ရေနွေးဖျောပြီး စစ်ထားပါ။
ဆန်စိမ်းမှုန့်ကို နာရီဝက်ခန့် ရေစိမ်ပြီး အပေါ်ရေသွန်ပြီး ဆား၊ သကြားအနည်းငယ် ထည့်ကြိုပါ။
ကြက်သွန်ဖြူထောင်း နဲ့ တရုတ်နံနံ ညှပ်ထားတာကို ရောပြီး ရေအနည်းငယ် ဖျော်ထားပါ။
ပဲငပိကို ရေအနည်းငယ် ဖျော်ထားပါ။
ကြက်သွန်ဖြူ ငရုတ်ဆီ ချက်ထားပါ။
ပဲပင်ပေါက်ကို ရေနွေးဖျောထားပါ။
ဂျုံလုံးကြော်ထည့်ချင်လျှင်ဂျုံ၊ ဆား၊ သကြား၊ ရေတို့နှင့် ရောနယ်ရ်ျ ကြော်ထားပါ။
ဟင်းရည်အတွက် ၀က်သားပြုတ်ရည် ဖယ်ထားပါ။
ဝက်ပြုတ်ရည်ထဲတွင် မုန့်ဖတ်ထည့်ပြုတ်ပါ။
ပုဂံထဲတွင် ပြုတ်ပြီးပြန်ဆယ်ထားသော မုန့်ဖတ်ကို စစ်ပြီးထည့်၊ ကြိုထားသည့် ဆန်မှုန့်ရည်၊ ပဲငပိ၊ ကြက်သွန်ဖြူ ၊သကြားအနည်းငယ်၊တရုပ်နံနံပင်အရည်၊ ၀က်သားအခေါက်အသားညှပ်ထည့်၊ ငရုတ်တ်သီးဆီချက်၊ ၀က်ဆီဖတ်ကြော်၊ ဗမာမုန်လာချဉ်ဖတ်ထည့်ရ်ျ သုံးဆောင်နိုင်ပါသည်။
ဟင်းရည် – ပန်းကန်လုံးထဲတွင် ကြက်သွန်ဖြူ၊ တရုတ်နံနံပင်ရည် နှင့် ပဲငပိနဲနဲ၊ ၀က်ပြုတ်ရည် ထည့်ပြီးတွဲဖက် သုံးဆောင်နိုင်ပါသည်။
Credit: Yadana Cooking