မင်္ဂလာပါ။ ပိတ်ရက်အချိန်လေးမှာ မိသားစုနဲ့အတူတကွ မုန့်လက်ဆုံစားချင်တယ်ဆိုသူများအတွက် နို့စိမ်းခေါက်ဆွဲချက်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ အရသာအလွန်ရှိပြီး လုပ်ရတာလည်းလွယ်ကူမယ့် ချက်နည်းလေးဖြစ်လို့ ကိုယ့်အတွက်လည်းသိမ်းထားရင်း သူငယ်ချင်းမိတ်ဆွေများအတွက်ပါ ပြန်လည်ဝေမ ျှလိုက်ပါအုံးနော်။

္နနို့စိမ်းခေါက်ဆွဲ.I. 2016-03-28 at 9.19.09 pm

ပါဝင်ပစ္စည်းများ

  • ခေါက်ဆွဲ – ၁ ကီလို
  • ကြက် – ၁ ကောင်
  • ကြက်ဥ – ၁၀ လုံး
  • ဘဲသွေး – ၅ တုံး
  • ပဲအစိမ်းမှုံ့- ၁ထုပ်

  • နို့စိမ်း – ၂ ဗူး
  • ဂျင်း – လက်တစ်ဆစ်ခန့်
  • ကြက်သွန်ဖြူ – ၆ မွှာ
  • ကြက်သွန်နီဥအသေး -၂၀၀ ဂရမ်
  • ရေ – 1.5 L*3 (ရေသန့်ဗူးအကြီးသုံးလုံးခန့်)

  • သကြား – အနည်းငယ်
  • ငံပြာရည် – အနည်းငယ်
  • သံပရာသီး – အနည်းငယ်
  • ငရုပ်သီးမှုန့် – အနည်းငယ်
  • မုန့်ကြွပ်ကြော် – အနည်းငယ်

  • ပဲကြော် – အနည်းငယ်
  • ကြက်သွန်နီ – အနည်းငယ်
  • ငရုပ်သီးအရောင်မှုန့် – အနည်းငယ်
  • နနွင်းမှုန့် – အနည်းငယ်

ပြုလုပ်နည်း

ပထမဆုံး ကြက်တစ်ကောင်လုံးကို အရိုး အသား သက်သပ်စီ ခုတ်ပြီး သကြားအနည်းငယ် ၊ ငံပြာရည်အနည်းငယ် ထည့်ပြီး နယ်ထားပါ ။

ရေသန့်ဗူး ၃-ဗူးစာခန့် ရေနွေးပွက်လာပါက ကြက်အရိုးများ အားလုံး ထည့်ပြီး အချိန် အတော်ကြာ ပြုတ်ထားပါ ။

ကြက်ရိုး ပြုတ်ထားသည့် အချိန်တွင် ဒယ်အိုးထဲသို့ ဆီခပ် များများ ထည့်ပြီး မုန့်ကြွပ်ကြော်ကာ ဆီ စစ်ထားပါ ။

ဆီလက်ကျန်ထဲသို့ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ဂျင်းကို ညက်အောင် ထောင်းပြီး ဆီသတ်ပါ ။

ငရုပ်သီး အရောင်မှုန့် ၊ နနွင်းမှုန့် အနည်းငယ်မျှ ထည့်ပါ ။

မွှေးလာပါက ကြက်အသားများကို ခပ်သေးသေးအရွယ် အတုံးလေးများ တုံးပြီး ထည့်လုံးပါ ။ ကြက်သားများနီပြီး မွှေးလာပါက ဒယ်အိုးကို စောင်းပြီး ဆီစစ်ထားပါ ။

ကြက်ဥများကို ပြုတ်ပြီး ခပ်သေးသေးစိပ်၍ ပန်းကန်ထဲ ထည့်ထားပါ ။

ပဲအစီမ်းမှုန့်ကို ရေဖြင့် ညက်နေအောင် ဖျော်ပြီး ကြက်ပြုတ်ရေအိုးထဲ ထည့်ပါ ။

ကြက်သွန်နီဥ အသေးလေးများ အခွံနွှာပြီး ထည့်ပါ ။

နို့စိမ်းနှစ်ဗူးကိုပါ ဖောက်ထည့်ပါ ။ (အချို့ကနို့စိမ်း ၁-ဗူးနှင့် နွားနို့ အနည်းငယ် ထည့်ကြပါသည်။) မကြာ ခဏ မွှေပေးပါ ။

ဆီစစ် ထားသည့် ကြက်သားများ ထည့်ပါ ။ ဘဲသွေးကို ခပ်သေးသေး အတုံးလေးများ လှီးပြီး ထည့်ပါ ။ အပေါ့ အငံ မြည်းပါ ။ သကြား အနည်းငယ်နှင့် ဆားကိုသာ အသုံးပြုပါ ။ ငံပြာရည် အများကြီး မထည့်ရပါဘူး ။ နို့စိမ်းအနံ့ပျက်တတ် ပါတယ် ။

အရသာ အနေတော် ရှိပါက ကြက်သွန်စိမ်း ၊ မုန့်ကြွပ် ၊ ပဲကြော် ၊ သံပရာသီး ၊ ကြက်ဥပြုတ် ၊ ငရုပ်သီးမှုန့် လိုသလို ထည့်ပြီး အရသာ ရှိစွာ အသင့် စားသုံးနိုင်ပါသည် ။

Credit: ဇွဲသုသု