ငါးခူနဲ့ ချက်တဲ့ မုန့်ဟင်းခါး ငါးသလောက်ဥ ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ငါးခူ
  • မြေပဲ လှော်ထားအခွံသန့်စင်ထားပါ.
  • ကုလားပဲ ပြုတ်ထားပါ.
  • ဆန်လှော်မှုန့်
  • စပါးလင်
  • ကြက်သွန်ဖြူ (ညှက်အောင်ထောင်းထားပါ)
  • ကြက်သွန်နီ (ညှက်အောင်ထောင်းထားပါ)
  • ဂျင်း (ညှက်အောင်ထောင်းထားပါ)
  • ဘဲဥ ပြုတ်ထားပါ
  • င၇ုတ်နှစ်
  • ငံပြာရည်
  • အချိုမှုန့်
  • ဆား
  • ဆနွင်း
  • သကြား
  • ဆီ

ပြုလုပ်နည်း

ငါးခူကို ဆား၊ ဆနွင်း ၊ ငံပြာ၇ည်  ၊ စပါးလင် ထုထည့် ၊ ရေထည့် ပြုတ်ပါ။ ငါးနူး၇င် ဆယ်ထားပြီး ငါးအသားနွှာ ထားပါ။  ငါး၇ိုးကို ထောင်းပြီး အ၇ည်စစ် ယူထားပါ ။ ကုလားပဲကို ထောင်းထားပါ။ မြေပဲ လှော်ထောင်း ထားပါ။

ဆန်လှော်မှုန့် ကိုမွှေးအောင် ပြန်လှော်ထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ဂျင်း ၊ စပါးလင် ညှက်နေအောင် ထောင်းထားပါ။ ဘဲဥ ပြုတ်ပြီး အိုးဘဲဥ လုပ်၇န် ချန်ထားပြီး ပါးပါးလှီး ထားပါ။

ဒယ်အိုးထဲ ဆီထည့် ၊ ကြက်သွန်ဖြူထည့် မွှေးလာလျှင် ဂျင်း၊ စပါးလင် ၊ ကြကိသွန်နီ ထည့်  ၊ ဆနွင်း အနည်းငယ်ထည့် ၊ င၇ုတ်ပုနှစ်ထည့် ငါးအသားထည့် မွှေပါ။ မွှေးလာလျှင် ချထားပါ။

ငါးပြုတ်၇ည် ပွက်ပွက်ဆူ ထဲကို ဆန်လှော်မှုန့် အ၇ည်ဖျော် ထည့်မွှေပါ။ ကုလားပဲ ပြုတ်ညှက်အောင် ထောင်းပြီး အ၇ည်ဖျော်ထည့်ပါ။ မြေပဲလှော်မှုန့် ညှက်အောင် ထောင်းထားတာ ထည့်ပြီး မွှေးလာသည် ဆူသည်အထိ မွှေပေးပါ။

ပြီးလျှင် ငါး ဆီသတ်ထားတာ ထည့်ပါ။ အ၇သာ စိတ်ကြိုက် ပြင်ဆင်ပါ။ (အုန်းနို့ ထည့်ချင်လျှင် ထည့်ပါ) ကြက်သွန်နီ အလုံးလိုက် ထည့်ပါ။ အိုးဘဲဥ လုပ်၇န် ဘဲဥ အလုံးလိုက် ထည့်ပါ။ ဘဲဥ ပါးပါးလှီး ထားတာ ထည့်ပါ။ ဟင်း၇ည်သား ကျလာလျှင် ကျက်ပါပြီ။

ငါးသလောက်ဥ ကိုဆား ၊အချိုမှုန့် ၊ ဆနွင်း ၊ ဆီ ထည့်ပြီးေ၇ထည့် ပြုတ်ကြော် လုပ်ထားပါ ။  အသင့်ထည့် စား၇န် အတွက်ပါ။ အ၇သာ၇ှိစွာသုံးဆောင်နိုင်ပါသည် ။

Credit: Yadana Cooking