ပါဝင်ပစ္စည်း

  • ငါးကျီး
  • ဆန်လှော်မှုန့် (မွှေးအောင်လှော်ထားပါ)
  • ကုလားပဲ (ပြုတ်ထားပါ)
  • ငရုတ်ပုတောင့်
  • ငံပြာရည်
  • ဆား
  • ဆနွင်း
  • dashi
  • ဆီ
  • ဂျင်း (ညှက်အောင်ထောင်းထားပါ)
  • စပါးလင် (ညှက်အောင်ထောင်းထားပါ)
  • မြေပဲ (လှော်ထားပြီးညှက်အောင်ထောင်းထားပါ)
  • ကြက်သွန်နီ (ထောင်းထားပါ)
  • ကြက်သွန်ဖြူ (ထောင်းထားပါ)
  • ဘဲဥ (ပြုတ်ထားပါ)
  • ကြက်သွန်ဖြူ ကြော်

ပြုလုပ်နည်း

ငါးကျီးကို ဆား၊ ဆနွင်း၊ dashi ၊ငရုတ်ပုတောင့်၊ ငံပြာရည်၊ စပါးလင်၊ရေအနည်းငယ် ထည့်ပြီးပြုတ်ပါ။ ငါးကျက်လျှင် အသားနွှာရ်ျ အရိုးကိုထောင်းပြီး အရည်စစ်ယူထားပါ။
ငရုတ်ပုကို ညှက်အောင်ထောင်းထားပါ။

ကုလားပဲ ပြုတ်ကို ထောင်းထားပြီး အရည်ဖျော်ထားပါ။ ဆန်လှော်မှုန့်ကို မွှေးအောင်လှော်ပြီး အရည်ဖျော်ထားပါ။ ဒယ်အိုးထဲ ဆီ၊ ဂျင်း၊ စပါးလင်၊ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ဆနွင်း ထည့်ပြီး ဆီသတ်ပါ။

ပြီးလျှင် ငရုတ်ပုနှစ် ထည့်ပါ။ ငါးကျီးနွှင်ထားတာထည့်ပြီး ဆား၊ dashiထည့်ရ်ျ မွှေးလာလျှင်ချထားပါ။ ချက်မည့်အိုးထဲကို ဆန်လှော်အရည်ဖျော် ၊ကုလားပဲပြုတ်ထောင်းအရည်၊ အရိုးထောင်းအရည် တို့ကိုထည့်ပြီး ပွက်ပွက်ဆူလာအောင် တည်ထားပါ။

မြေပဲလှော် ထောင်းထည့်ပါ။ ဆူလာလျှင် ငါးဆီသတ်တာ ထည့်ပါ။ ကြက်သွန်နီဥ ထည့်ပါ။ ဟင်းရည်သားကျအောင် ချက်ပေးပါ။

အရသာ စိတ်ကြိုက်ပြင်ဆင်ရ်ျ ဘဲဥပြုတ် ပါးပါးလှီးထည့်ပြီး သုံးဆောင်နိုင်ပါသည်။ မုန့်ဖတ်၊ အကြော်၊ ငါးဖယ်၊ အီကြာကွေး၊ နံနံပင်၊ ငရုတ်သီးမှုန့် ကြိုက်နှစ်သက်ရာများနှင့် တွဲဖက် စားသုံးနိုင်ပါသည်။

Credit: Yadana Cooking