ပါဝင်ပစ္စည်း

  • ချဉ်ပေါင်ရွက်
  • မျှစ် (ပြုတ်ထားပါ)
  • ဝက်သား
  • ကြက်သွန်နီဖြူ (ထောင်းထားပါ)
  • ငရုတ်နှစ်
  • ဆီ
  • ဆား
  • ဆနွင်းမှုန့်
  • Dashi မှုန့်
  • ငံပြာရည်
  • ငရုတ်သီးစိမ်း

ပြုလုပ်နည်း

ဝက်သားကို ဆား၊ Dashi၊ ပဲငံပြာရည်၊ ဂျင်းရည်၊ ကြက်သွန်ဖြူ ထည့်ပြီး ပြုတ်ကြော် ချက်ထားပါ။ ကျက်လျှင် အရွယ်တော် လှီးထားပါ။ ဒယ်အိုးထဲကို ဝက်သားပြုတ်ကြော်မှ ဆီကို ယူထည့်ပြီး ကြက်သွန်နီဖြူ၊ ဆနွင်း ထည့် ဆီသတ်ပါ။

ငရုတ်နှစ်ထည့်ပါ။ မွှေးလာလျှင် ဝက်သားထည့်ပါ။ ပြီးလျှင် မျှစ်ထည့်ပါ။ ဆား၊ Dashi၊ ငံပြာရည် ထည့်ပြီး ချဉ်ပေါင် ထည့်မွှေပါ။

ချဉ်ပေါင်နွမ်းလျှင် အရသာစိတ်ကြိုက် ပြင်ဆင်ပါ။ ဆီထွက်လာလျှင် ငရုတ်သီးစိမ်းအုပ်ရ်ျ သုံးဆောင်နိုင်ပါသည်။

Credit: Yadana Cooking