မိသားစုတွေ စုံလင်တုန်း မုန့်လေးတစ်ခုခုလုပ်စားချင်လို့ပဲဖြစ်ဖြစ်၊ ဈေးကနေ ဝက်လက်တွေတွေ့တာနဲ့ ဝယ်လာပြီးမှ ဘာချက်ရမှန်းမသိဖြစ်နေတဲ့ အိမ်ရှင်မများအတွက် ဝက်လက်စတူး ချက်နည်းလေးကို ပြောပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်လက်
  • ဆား
  • သကြား
  • ပဲငံပြာရည်အကြည်
  • အချိုမှုန့်
  • ခရုဆီ
  • တရုတ်မဆလာ
  • ငရုတ်ကောင်းမှုန့်
  • ဂျင်း
  • ကြက်သွန်ဖြူ
  • ဆီ
  • ကန်စွန်းရွက်

ပြုလုပ်နည်း

ဝက်လက်ကို သေချာသန့်စင်ပါ။ ပြီးလျှင် တရုတ်မဆလာ၊ ဆား၊ သကြား၊ ပဲငံပြာရည်အ၊ ချိုမှုန့်နယ်ပြီး တစ်နာရီလောက် နှပ်ထားပါ။

ပြီးလျှင် ဒယ်အိုးထဲ ဆီအနည်းငယ်ထည့် သကြားအနည်းငယ် ထည့်ပြီးရဲလာလျှင် ၀က်သား ထည့်ကြော်ပေးပါ။ အရောင်ရဲလာလျှင် ဆယ်ထားပါ။

ချက်မည့်အိုးထဲကို ၀က်သားထည့် ဂျင်းထုထည့် ကြက်သွန်ဖြူ၊ ခရုဆီ၊ ရေထည့်ပြီး အခေါက် အသားနူးအိအောင်တည်ပေးပါ။ အရသာ စိတ်ကြိုက် ပြင်ဆင်ပါ။

ရေနွေးတည်ပြီး ပွက်လာလျှင် ဆား၊ ကန်စွန်းရွက် ထည့်ပြီး မွှေပါ ။ ချက်ချင်းပြန်ဆယ်ပြီး ရေအးနဲ့ ဆေးပါ။ ပန်းကန်လုံးထဲတွင် ကန်စွန်းရွက် ထည့်ပါ။

နူးအိအောင်ပြုတ်ထားသော ၀က်လက် စတူးထည့်ပါ။ ငရုတ်ကောင်းဖြူးပြီ သုံးဆောင်နိုင်ပါပြီ။

အချဉ် ကြက်သွန်ဖြူထောင်း၊ ငရုတ်သီးစိမ်းပါးပါးလှီး၊ သံပုရာရည်ညှစ် ၊ ပုဇွန်ငံပြာရည်၊ သကြား၊ ပဲငံပြာရည်အကြည်၊ ဆားထည့်မွှေ၍ တွဲဖက်စားသုံး နိုင်ပါသည်။

Credit: Yadana Cooking