အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဝက်သားနဲ့ မျှစ် ရောချက်ထားတဲ့ မျှစ် ဝက်သုံးထပ်သားဟင်းလျာ ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မျှစ် ၁၅၀ ဂရမ်
  • သကြား ၃၅ ဂရမ်
  • ဟင်းသီးဟင်းရွက်ဆီ အနည်းငယ်
  • ဂျင်း ၁၅ ဂရမ်နှင့် ကြက်သွန်မြိတ် ၃၀ ဂရမ်
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဝက်သား သုံးထပ်သား ၈၀၀ ဂရမ်
  • လေးညှင်းပွင့် ၂ ပွင့်နှင့် သစ်ကြမ်းပိုးခေါက် ၁ ချောင်း
  • ငရုတ်သီးခြောက် ၁ တောင့်
  • ပဲငံပြာရည်အကြည် ၂၀ မီလီလီတာနှင့် ပဲငံပြာရည်အနောက် ၃၅ မီလီလီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မျှစ်များကို ဟင်းချက်ဖို့ မပြင်ဆင်ကတည်းက ၃ နာရီခန့် ကြိုစိမ်ထားပါ။ (ရေကိုတော့ အနည်းဆုံး ၂ ကြိမ် လဲပေးရပါမယ်)

၂။ ဝက်သားများကို အနေတော် တုံးထားပါ။ ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ကာ ဝက်သားတုံးများကို ရွှေညိုရောင်ပြောင်းသွားသည်အထိ ကြော်ပေးရပါမယ်။

၃။ အခြားဒယ်အိုးတစ်လုံးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ ၁၅ မီလီလီတာခန့် ထည့်ပါ။ ဆီပူလာပါက သကြား ၃၅ ဂရမ်ထည့်ပြီး သကြားများ အခဲမှ အရည် ပြောင်းသွားသည်အထိ ကြိုချက်ပေးလိုက်ပါ။

၄။ သကြားများ အရည်ပျော်သွားပြီဆိုတာနဲ့ စောစောက ကြော်ထားသော ဝက်သားတုံးများကို အိုးထဲသို့ လောင်းထည့်ပြီး သမအောင်မွှေပေးလိုက်ပါ။ သကြားအရောင်က ဝက်သားတုံးများပေါ်သို့ အညီအမျှ ပျံ့နှံ့သွားပြီဆိုရင်တော့ ပါးပါးလှီးထားသော ဂျင်းနှင့်၊ ကြက်သွန်မြိတ်၊ လေးညှင်းပွင့်၊ သစ်ကြမ်းပိုးခေါက်နှင့် ငရုတ်သီးတောင့်တို့ကို အိုးထဲသို့ ထည့်ကာ မွှေပေးလိုက်ပါ။

၅။ ထို့နောက် ရေနွေးအနည်းငယ်ကို အသားများမြှုပ်သွားတယ်ဆိုရုံလောက်သာ ထည့်ပေးပါ။ (စွပ်ပြုတ်လုပ်မှာမဟုတ်တဲ့အတွက် ရေအများကြီး ထည့်စရာမလိုပါဘူး။ ဒါ့အပြင် ရေနွေးကို အသားပေါ်သို့ တိုက်ရိုက်လောင်းချခြင်းကိုလည်း ရှောင်ကြဉ်ပေးရပါမယ်။ နို့မဟုတ်ရင် ဝက်သားရဲ့အရောင် ပြောင်းလဲသွားနိုင်ပါတယ်။)

၆။ အိုးအဖုံးပိတ်ပြီး ဆူပွက်လာသည်အထိစောင့်ပါ။ ထိုအချိန်မှာ မျှစ်များကို အနေတော်လှီးဖြတ်ထားပါ။ ဝက်သားအိုး ဆူလာပြီဆိုရင်တော့ မျှစ်များထည့်ပြီးနောက် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ကာ မိနစ် ၃၀ ခန့် တည်ထားလိုက်ပါ။

ထိုအဆင့်များအားလုံးပြီးသွားပြီဆိုရင်တော့ အရသာရှိတဲ့ မျှစ် ဝက်သားဟင်းပွဲ တစ်ပွဲ ရရှိသွားပါပြီ။

Source: Circlebranchpork.com