အိမ်မှာချဉ်ရည်ဟင်းချက်တဲ့အခါ သိပ်ကိုလိုက်ဖက်တဲ့ ငပိထောင်းလေးကို သေသေချာချာ ထောင်းနည်းလေးကို ပြန်လည်ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ယိုးဒယားငပိ
  • ကြက်သွန်ဖြူ
  • ငရုတ်သီးစိမ်း
  • ပုဇွန်ခြောက်
  • သံပုရာသီး

ပြုလုပ်နည်း

ငရုတ်သီးစိမ်း နဲ့ ပုဇွန်ခြောက်ကို ရေဆေးပြီး အနည်းငယ် မွှေးလာအောင် လှော်ပါ။

ငရုတ်ဆုံထဲကို ငရုတ်သိးစိမ်း၊ ကြက်သွန်ဖြူ၊ ပုဇွန်ခြောက် ထည့်ထောင်းပါ။

ပြီးလျှင် သံပုရည် ရွှဲရွှဲညှစ်ထားပါ။

Credit: Yadana Cooking