ဘယ်လိုအစားအစာမျိုးကိုမဆို လာထား၊ ဆွဲမယ်ဆိုတဲ့ Foodie ချစ်ပရိတ်သတ်တို့ရေ။ ဆွေမျိုးမေ့ မြန်မာထမင်းဆိုင်ကောင်းကောင်းလေးတစ်ခု နဲ့ မိတ်ဆက်ပေးချင်ပါတယ်နော်။

Admin သူငယ်ချင်းတွေနဲ့ အပြင်သွားရင်း နေ့လည်စာစားချိန်လည်းရောက်တော့ ဘာစားရမလဲခေါင်းခဲနေရာက ဖေ့စ်ဘွတ်မှာအများပြောပြောနေတဲ့ ဆိုင်လေးတစ်ဆိုင်ကို သွားသတိရမိတာနဲ့ ရောက်သွားဖြစ်တယ်။ မြန်မာထမင်းဆိုင်လို့မပြောရဘူး နာမည်လေးကလည်း မြန်မာဆန်ဆန်ချစ်စရာလေးနဲ့ “ပြည့်ရတနာ” တဲ့။

ပြည့်ရတနာရဲ့ ဘက်ပေါင်းစုံကပြည့်စုံတဲ့ အစားအသောက်ဝန်ဆောင်မှုလုပ်ငန်း

အလှူမင်္ဂလာဧည့်ခံပွဲ၊ မွေးနေ့ပွဲ၊ နှစ်ပတ်လည်၊ Gathering စသဖြင့် လူအများကြီးတက်ရောက်မယ့် ပွဲတွေမှာ အစားအသောက်တွေ တည်ခင်းဧည့်ခံနိုင်ရလေအောင် “ပြည့်ရတနာ” က အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းလေး လုပ်ပေးထားပါတယ်။ မြန်မာထမင်းဟင်းအစုံအလင်၊ သွေးမတိုးဒံပေါက်၊ ကြက်ဆီထမင်း၊ထောပတ်ထမင်း၊ မြိတ်ကပ်ကြေးကိုက်စသဖြင့် လူတစ်ထောင်ကျောက်စာထိ အော်ဒါတင်နိုင်ပါတယ်။

သန့်ရှင်းလတ်ဆက်ပြီး ကျန်းမာရေးနဲ့ပြည့်စုံကာ အရသာအထူးကောင်းမွန်တဲ့ အစားအသောက်အမျိုးမျိုးကို စိတ်တိုင်းကျရွေးချယ်မှာယူနိုင်မှာဖြစ်သလို စားပွဲ၊ ကုလားထိုင်၊ စာလုံးဖောက်၊ ၀ိတ်တာ၊ ပန်းအလှဆင် အစရှိတဲ့ ၀န်ဆောင်မှုအမျိုးမျိုးကိုပါ One Stop Service အနေနဲ့ ပွဲအစကနေအဆုံးတိုင်တဲ့အထိ ပြီးပြည့်စုံအောင် တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ အော်ဒါ ၁၀၀ ကျော်အောင် မှာလိုသူတွေအတွက် Delivery Free လေးလည်း ပေးထားပါသေးတယ်။

လျှာလည်သွားစေမယ့် အရသာတွေနဲ့ ဟင်းလျာများ 

မြန်မာတွေခံတွင်းနဲ့အင်မတန်ကိုက်ညီမှုရှိတဲ့ ဟင်းလျာအမျိုးအမယ်အစုံအလင်ကို ရောင်းချပေးနေပြီး ထောပတ်ထမင်းနဲ့စားမလား၊ ရိုးရိုးထမင်းဖြူနဲ့စားမလား မိမိအကြိုက်ကိုလိုက်ပြီး ရွေးချယ်စားသုံးနိုင်ပါသေးတယ်။

ရွေးချယ်ရလွယ်ကူအောင် Set လေးတွေကို ဈေးနှုန်းအမျိုးမျိုးနဲ့လည်း လုပ်ပေးထားပြီး စားသုံးသူတွေရဲ့ ကျန်းမာရေးကိုအထူးအလေးပေးလို့ သဘာဝပေါ်ဆန်းမွှေးဆန်နဲ့ ပဲဆီသန့်စစ်စစ်တို့ကိုပဲ ရွေးချယ်အသုံးပြုထားပါတယ်။ ဈေးနှုန်းတွေကလည်း တန်မှတန်လွန်းလို့ ဘယ်လောက်ကျနေပြီလဲကို စိုးရိမ်တကြီး ထိုင်တွက်နေစရာမလိုတော့ပါဘူး။

ရန်ကုန်မြို့ရဲ့ ဘယ်နေရာမှာမှ မရနိုင်တဲ့ သွေးမတိုးဒံပေါက် 

ဒါလေးကတော့ ဒံပေါက်ချစ်သူတွေအတွက် သတင်းကောင်းလေးပါ။ ဒံပေါက်ကိုအင်မတန်ကြိုက်နှစ်သက်သော်လည်း နေပူလို့၊ သွေးတိုးမှာကြောက်လို့ စတဲ့အကြောင်းအရင်းအမျိုးမျိုးနဲ့ မျက်စိလွှဲထားရတဲ့ အခြေအနေတွေအကုန်လုံးကို လက်ပြနှုတ်ဆက်နိုင်ပါပြီ။ အဆီလျော့ထားပေးလို့ ဒံပေါက်စားပြီး အီလည်လည်ကြီးဖြစ်မနေတော့ဘူးပေါ့။ အဲ့လိုမျိုး လျှာလည်သွားစေမယ့် ပြည့်ရတနာ ဒံပေါက်လေးက သောကြာ၊စနေ နှစ်ရက်ထဲရတာမို့လို့ Foodie လေးတွေ သေချာမှတ်ထားဖို့တော့လိုမယ်နော်။ ဒံပေါက်က ဆိုင်မှာနေ့တိုင်း ရနေပြီဆိုတော့ အဖေ၊ မေမေ၊ ဖိုးဖိုး၊ ဖွားဖွားတို့အတွက် အပြေးဝယ်ယူလိုက်တော့နော်၊

မြိတ်ကပ်ကြေးကိတ်စစ်စစ် နဲ့ အဆီအစိမ့်မများတဲ့ ကြက်ဆီထမင်း 

“ပြည့်ရတနာ” ရဲ့မြိတ်ကပ်ကြေးကိုက်လေးကတော့ ပဲတီကို ကိုယ်တိုင်အပင်ဖေါက်ထားတဲ့ ပဲပင်ပေါက်လေးတွေ၊ ကိုယ်တိုင်ပြုတ်ထားတဲ့ပဲပြုတ်လေးတွေ၊ ပအုန်းရည် အနံ့သင်းသင်းလေးနဲ့ ကတ်ကြေးကိုက်ခေါက်ဆွဲသီးသန့်ကိုပဲ အသုံးပြုထားလို့မြိတ်မြို့ကိုရောက်သွားပြီး စားနေသလားတောင် အထင်မှားသွားစေမှာပါ။

ကြက်ဆီထမင်းလေးလဲ ဒီလိုပဲ။ စားနေရင်းနဲ့အီလာလို့ နှမြောတာတောင်ထားခဲ့ရမယ့် အဖြစ်မျိုးမဖြစ်ရအောင် အဆီအဆိမ့်ကိုလျော့ထားပေးပါတယ်။ အဆီမများလို့ ၀ိတ်လျော့လိုသူတွေလည်း ကယ်လိုရီတအားတက်သွားမှာကို စိုးရိမ်နေစရာမလိုတော့ပါဘူး။

မြန်မာဆန်ဆန်အလှနဲ့ ဆိုင်တွင်းအပြင်အဆင် 

မြန်မာထမင်းဆိုင်လို့ကိုမပြောရဘူး။ ကျောက်သင်ပုန်းလေးတွေ ချိတ်ဆွဲထားပြီး ဆိုင်ရဲ့အတွင်းနံရံတွေမှာလည်း ရုပ်သေးရုပ်လေးတွေနဲ့ အလှဆင်ထားပါတယ်။ အခြားဆိုင်တွေလို ဆူဆူညံညံလည်းမရှိတော့ စားရင်းသောက်ရင်း စကားအေးအေးလူလူ ပြောနိုင်ပြီပေါ့။

ဆိုင်ရဲ့တည်နေရာလိပ်စာလေး

မြန်မာထမင်းဆိုင် “ပြည့်ရတနာ” ရဲ့ လိပ်စာလေးကတော့ အမှတ်(၉၂) ၊ ၅၁လမ်း အလယ်ဘလောက် ၊ ပုဇွန်ထောင်မြို့နယ်၊ ရန်ကုန်မြို့ပဲဖြစ်ပါတယ်။ ၀န်ဆောင်မှုလုပ်ငန်းနဲ့ ပတ်သက်ပြီးအသေးစိတ်သိရှိလိုတယ်ဆိုရင် ဖုန်းနံပါတ် 09-965032172 နှင့် 09-420136987 တို့ကိုဆက်သွယ်မေးမြန်းနိုင်သလို နှံ့နှံ့စပ်စပ်သိရှိနိုင်ဖို့ ဆိုင်ရဲ့ Facebook လင့်ခ်ဖြစ်တဲ့ https://www.facebook.com/pyaeyadanarfood/ ကိုလည်းသွားရောက်၍ ကိုယ်တိုင်ကိုယ်ကျဖတ်ရှုနိုင်ပါတယ်နော်။