ရခိုင်ကြက်ခြေထောက်သုပ်ဟာ ထိုင်းသုပ်နဲ့ ဆင်ပါတယ်။ ထိုင်းသုပ်ကတော့ ငပိကိုလျှော့တယ်၊ ပြာခဲ ထည့်ပေးပြီး အချဉ်များများ ဆမ်းထားပါတယ်။ ပြုတ်ရည်ကိုမပစ်ဘဲ ဖယ်ထားပြီး ငံပြာရည်နည်းနည်း၊ ကြက်သွန်ဖြူ တစ်ပြား ဓါးပြားရိုက်ထည့်ကာ မီးဖိုပေါ် ပြန်တည်ပေးပါ။ မိမိ ကြိုက်တဲ့ အရွက်လေးကို သေချာ ရေဆေးပေးထားပါ။ ဟင်းရည်ဆူပွက် လာပြီ ဆိုရင်တော့ ခွက်ထဲမှာ ခပ်ထည့်ပေးပါ။ ငရုတ်သီးစိမ်း တစ်တောင့်လောက် ပါးပါးလှီးထည့်ပေးပါ။ ဟင်းရွက်ကိုထည့်၊ သံပုရာ တစ်ခြမ်းလောက် ညှစ်ထည့်ပေးပြီးရင် သံပုရာခွံကို သေးသေးလေး လှီးထည့်၊ မွှေပေးလိုက်ပါ။ ထမင်းပူပူလေးနဲ့ ကြက်ခြေထောက်သုပ်စပ်စပ်ကို ဟင်းရည်လေးနဲ့ တွဲစားရင် တကယ်လိုက် ဖက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ခြေထောက်
  • ငရုတ်သီး
  • ငပိမီးဖုတ်
  • ဂျင်းထောင်း
  • ငံပြာရည်အကြည်
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • သံပုရာသီး

ပြင်ဆင်ပြုလုပ်နည်း

  1. ရခိုင်လိုသုပ်တော့မယ်ဆိုရင်တော့ ထုံးစံအတိုင်း ငရုတ်သီးနဲ့ ငပိမီးဖုတ်သုပ်မှာပါပဲ။
  2. အရင်ဆုံး ကြက်ခြေထောက်ကို သေချာ ပြောင်အောင်ဆေးပြီး ခြေသည်းတွေကို လှီးဖြတ်ပေးပါ။ ပြီးရင်တော့ အဆစ်တွေကို စဉ်းပေးပါ။ အရိုးကို နည်းနည်းထုပေးပါ ။
  3. ဂျင်းထောင်း ၊ ငံပြာရည်အကြည် အနည်းငယ်ထည့်နယ်ပြီး ပြုတ်ပေးပါ။ ကြက်ရိုးကို ပြုတ်နေချိန် ကြက်သွန်နီ ပါးပါးလှီးထားပေးပါ။
  4. ငရုတ်သီး ၊ ငပိနည်းနည်းကို မီးကင်ပြီး ကြက်သွန်ဖြူထည့်ထောင်းပေးပါ။ ကြက်ရိုးနူးပြီဆိုရင် ဆယ်ယူပြီး အဆစ်နုလေးတွေနဲ့ အရေခွံကို ယူပြီး အရိုးရင့်တွေကို ပစ်လိုက်ပါ ။
  5. သုပ်မယ့် ပန်းကန်ပြားမှာထည့် ငရုတ်သီးထောင်း၊ ကြက်သွန်နီ၊ ငံပြာရည်အနည်းငယ်ထည့် သံပုရာရည်ညှစ်ထည့်ပြီး နယ်ပေးပါ။ အပေါ့ အငံ မြည်းပေးပြီး အရသာအနေတော်လျှင် အဆင်သင့် စားသုံးနိုင်ပါသည်။

Credit: အစားအစာကမ္ဘာ

(Photo Credit: Yadana Moe)