ချဉ်ပေါင်သီး ဟင်းရည်ဟာ ပူအိုက်တဲ့ ရာသီဥတုတွေအတွက် အရမ်းကောင်းတဲ့ အစားအစာ တစ်မျိုးဖြစ်တဲ့ အတွက် ရိုစင်းပြိး ချက်ရ လွယ်တဲ့ နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ချဉ်ပေါင်သီး
- ငပိ
- ငရုတ်သီးစိမ်း ၁တောင့်
- ဆား
- အချိုမှုန့် (အရသာမှုန့်)
ပြင်ဆင်ပြုလုပ်နည်း
- ချဉ်ပေါင်သီးကို သေချာရေဆေး ၊ ချက်မယ့်အိုးထဲ ထည့်ပြီး ရေကို မိမိလိုသလောက် အချိုးအစားထည့်ပေးပါ ။
- ငပိနဲ့ ငရုတ်သီးစိမ်း ၁တောင့်ကို ညှပ်ထည့်ပေးပြီးရင် ဆား ၊ အချိုမှုန့် (အရသာမှုန့်) အနည်းငယ်ထည့်ပြီး အိုးဖုံးလေးဖုံး မီးဖိုပေါ်မှာ ဟင်းအိုးဆူပွက် အချဉ်အရသာထွက်တဲ့အထိ ချက်ပေးရုံပါပဲ ။
- ရခိုင်တွေရဲ့ ချဉ်ဟင်းတွေဟာ အရမ်းရိုးစင်းပြီး ကျန်းမာရေးအတွက်လည်း ကောင်းပါတယ် ။
Credit: အစားအစာကမ္ဘာ
(Photo Credit : Yadana Moe)