ပါဝင်ပစ္စည်း
- ဝက်သား
- ဆား.
- dashi
- ကြာညို့.ဆီ
- တရုတ်မဆလာ
- ဘဲဥ
- ငရုတ်ကောင်း မှုန့်
- ကြက်သွန်ဖြူ
- ဂျင်း
- ကြက်သွန်နီ
ပြုလုပ်နည်း
၁။ ဝက်သားကို ဆား၊ Dashi၊ ကြာညို့၊ တရုတ်မဆလာ နယ်ပြီးနှပ်ထားပါ။
၂။ ဘဲဥပြုတ်ထားပြီး ကျက်လျှင် အခွံခွာ အနည်းငယ် မွှန်းထားပါ။
၃။ အိုးထဲကိုဂျင်းအဝိုင်းပြား၊ ကြက်သွန်ဖြူဥ၊ ဝက်သား၊ ဆီ ထည့်ပြီး အရောင်ရဲလာသည်ထိ မွှေပေးပါ။
၎။ အရောင်ရဲလာလျှင် ဝက်သားနူးအောင် ရေအနည်းငယ် စီထည့်ချက်ပါ။
၅။ ဝက်သားနူး ခါနီးလျှင် ဘဲဥထည့်ပါ။
၆။ အရသာ စိတ်ကြိုက် ပြင်ဆင်ပါ။
၇။ အခေါက်အသားနူးလျှင် ကြက်သွန်နီကို လေးစိတ်ပြီး တစ်လွှာစီ ခွာထားတာ ထည့်ပေးပါ။နူးအိလာလျှင် ငရုတ်ကောင်းမှုန့်ထည့်ပါ။
၈။ ရေကျန်ဆီကျန်လေး ရပြီဆိုလျှင် သုံးဆောင်နိုင်ပါသည်။
Credit: Yadana Cooking