ပါဝင်ပစ္စည်း

  • ဘဲသား
  • ကြက်သား
  • ဂျင်း
  • ကြက်သွန်ဖြူ
  • ခရုဆီ
  • ပဲငံပြာရည်
  • ကော်မှုန့်
  • ကြက်သားမှုန့်
  • Dashi မှုန့်
  • ရှီတာကာမှို (ရေစိမ်ထားပြီးအရွယ်တော်ညှပ်ထားပါ)
  • ငရုတ်ကောင်းမှုန့်
  • တရုတ်နံနံပင်
  • ပဲပင်ပေါက်
  • ကန်စွန်းရွက် (ရေနွေးဖျောရေအေးပြန်ဆေးစစ်ထားပါ)
  • ကြက်သွန်ဖြူကြော် (မညှက်အောင်ထောင်းထားပါ)
  • ဂျုံခေါက်ဆွဲ
  • ငုံးဥ (ပြုတ်ထားပါ)
  • ဘဲဥ(ခေါက်ထားပါ)

ပြုလုပ်ပုံ

ဘဲသား၊ ကြက်သားကို ဆား၊ ပဲငံပြာရည်၊ Dashi၊ ဂျင်း၊ကြက်သွန်ဖြူ ထုထည့် ပြုတ်ပါ။ အသားနွှာလို့ရရင် ဆယ်ထားပြီး အသားနွှာပါ။ အရိုးကို ထောင်းပြီး အရည်ဖျော် စစ်ပြီး ပြုတ်ရည်အိုးထဲ ထည့်ပါ

ပွက်လျှင် ရှီတာကီမှိုထည့်ပါ။ ဒယ်အိုးထဲ ဆီအနည်းငယ်၊ ဂျင်း၊ကြက်သွန်ဖြူထောင်း၊ ဘဲသား၊ ကြက်သား၊ ခရုဆီ၊ကြက်သားမှုန့် ထည့်ပြီးမွှေပါ။ မွှေးလာလျှင် အရိုးပြုတ်ရည်အိုး ထဲထည့်ပါ။

ကော်မှုန့်ကို ကြက်သားမှုန့် ထည့်ပြီး အရည်ဖျော်ထားပါ။ ပြုတ်အိုး ပွက်ပွက်ဆူလျှင် မွှေပြီးထည့်ပါ။ အပျစ်အကျဲ စိတ်ကြိုက်ချက်ပါ။ ဘဲဥ ခေါက်ထားတာကို အမျှင်ဆွဲထည့်ပေးပါ။ အရသာစိတ်ကြိုက် ပြင်ပါ။

ငပိထောင်း ပါဝင်ပစ္စည်း

  • ငပိ
  • ပုဇွန်ခြောက်(ရေဆေးပါ)
  • ငရုတ်သီးစိမ်း (လှော်ထားပါ)
  • ကြက်သွန်ဖြူ

ပြုလုပ်ပုံ

1. ပါဝင်ပစ္စည်း အားလုံး (၁ မှ ၄အထိ) ကိုထောင်းပါ။ 2. ပြီးလျှင်မီးကင်ထားပါ။ 3. ကျက်လျှင် သံပုရာရည် ရွှဲရွှဲညှစ်ပါ။ 4. ပန်းကန်ထဲကို ခေါက်ဆွဲ၊ပဲပင်ပေါက်၊ ၊ကန်စွန်းရွက်၊ ကော်ရည်၊ ငုံးဥ၊ကြက်သွန်ဖြူကြော်၊ တရုတ်နံနံ၊ငရုတ်ကောင်း ထည့်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါသည်။

Credit: Yadana Cooking