ဗြိတိန် တော်ဝင်မင်းသား ဟယ်ရီနဲ့ မီဂန် မာကယ်တို့ရဲ့လက်ထပ်ပွဲက အရမ်းကို Romantic ဆန်လွန်းပါတယ်။

တခြားသူတွေကတော့ တော်ဝင်မင်္ဂလာပွဲမှာ ဘယ်သူတွေ ဘာဝတ်လာကြလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ပါတယ်။

စာရေးသူကတော့ သူတို့ တည်ခင်းတဲ့ ကိတ်မုန့်တွေကိုပဲ စိတ်ဝင်စားတော့ ကိတ်မုန့်တွေအကြောင်းကိုပဲ ပြောချင်ပါတယ်။

ရိုးရှင်းတဲ့ မင်္ဂလာကိတ်မုန့်လေးကိုလည်း ရိုးရှင်းစွာပြင်ဆင်ထားတာကိုတွေ့ရမှာပါ။

ဒီကိတ်မုန့်လေးကို သံပုရာသီး၊ကြက်ဥ၊ ထောပတ် ခရမ်နဲ့တခြားပါဝင်ပစ္စည်းတွေနဲ့ပြုလုပ်ထားကာ အပေါ်မှာတော့ တကယ့် ပန်းအစစ်နဲ့ အလှဆင်ထားပါတယ်။

လန်ဒန်အခြေစိုက် Violet Cakes ကိတ်မုန့်ဆိုင်ကနေ ပြုလုပ်ထားတာဖြစ်ပြီး စာဖိုးမှူး Clarie Ptak ရဲ့လက်ရာဖြစ်ပါတယ်။

ဒီလို ရောင်စုံ ကိတ်မုန့် လေး တွေလည်း တည်ခင်းထားပါတယ်။

ကိတ်မုန့်တင်မကဘူး၊ တခြား အရသာရှိတဲ့ အစားအစာတွေလည်း တည်ခင်းထားပါတယ်။

All Photos Credit: www.buzzfeed.com