အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ သံပုရာသီးအရသာလေး စိမ့်ဝင်နေတဲ့ ပုစွန်ဟင်းလျာ ချက်ပြုတ်ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ပုစွန် ၁ ပေါင်ခန့် (အခွံခွာပြီး ရေဆေးသန့်စင်ထားပါ)
- ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- နံနံပင် ၁ စည်း
- ပါးပါးလှီးထားေးသာ ကြက်သွန်နီ စားပွဲတင်ဇွန်း ၅ ဇွန်း
- ကြက်သွန်ဖြူ ၄ မြွှာ
- သံလွင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
- သံပုရာသီး တစ်ခြမ်း (အခွံကို အမှုန်လေးများရအောင် ခြစ်ထားပြီး အရည်ညှစ်ထားလိုက်ပါ)
- ဆား အနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဖျော်စက်ထဲတွင် နံနံပင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ သံပုရာရည်၊ သံပုရာအခွံအမှုန်လေးများနှင့် ဆား အနည်းငယ်ထည့်ကာ သမအောင် မွှေဖျောပေးလိုက်ပါ။
ထို့နောက် သံလွင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ကာ သမအောင် ထပ်ဖျော်ပေးလိုက်ပါ။
ရရှိလာတဲ့ သံပုရာရည်ဆော့စ်ကို ပန်းကန်လုံးထဲသို့ ထည့်ထားလိုကပါ။
၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ပုစွန်များထည့်ကာ ၁ မိနစ်၊ ၁ မိနစ်ခွဲခန့်ကြော်ပေးလိုက်ပါ။ ပုစွန်များ ပန်းရောင်ပြောင်းသွားပါက သံပုရာရည်ဆော့စ် အနည်းငယ်ထည့်ကာ ၁ မိနစ်၊ ၂ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။
၃။ ရရှိလာတဲ့ သံပိုရာရည် ပုစွန်ကြော်ကို ပန်းကန်လုံးထဲ ထည့်ထားလိုက်ပါ။ ထို့နောက် သံပုယိုသီးစိပ်များဖြင့် လှလှပပအလှဆင်ထားလိုက်ပါ။
ဒါဆိုရင်တော့ အရသာရှိတဲ့ သံပုရာရည်ဆော့စ် ပုစွန်ကြော်လေးများ ရရှိသွားပါပြီ။
Source: Drivemehungry.com