အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့အစားအစာလေးကတော့ အနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ ပင်စိမ်းရွက်အုပ် ပဲပြားစဉ်းကောကြော်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲပြား ၁၆ အောင်စ
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်ပွအနီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • ပဲသီး စားပွဲတင်ဇွန်း ၁၂ ဇွန်းစာခန့် (လက်မဝက်အရှည် လှီးဖြတ်ထားပါ)
  • ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)

  • ပင်စိမ်းရွက် ပန်းကန်လုံး တစ်လုံးစာ
  • ကြက်ဥ ၂ လုံး
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် သကြားညို လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ
  • ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)၊ ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၄နှင့် ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပဲပြားများကို ခက်ရင်း (သို့) လက်ဖြင့် ချေမွထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ချေမွထားသော ပဲပြားများထည့်ကာ ၅ မိနစ်ခန့် ကြော်လိုက်ပါ။

ပဲပြားကြော်နေစဉ်မှာ အခြားဒယ်အိုးထဲတွင် ကြက်ဥ ၂ လုံးကို Half-Fried ကြော်ထားလိုက်ပါ။

၃။ ပဲပြားဒယ်အိုးထဲသို့ ပဲငံပြာရည်အနောက်၊ သကြားညို၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးမှုန့်တို့ထည့်ပါ။ ထို့နောက် ငရုတ်ပွ၊ ပဲသီးနှင့် ကြက်သွန်နီတို့ထည့်ကာ ၅ မိနစ်ခန့် သမအောင် မွှေကြော်ပေးလိုက်ပါ။

၄။ ဟင်းသီးဟင်းရွက်များလည်း ကျက်သွားတဲ့အခါမှာတော့ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

၅။ ထို့နောက် ဒယ်အိုးမီးကို ပိတ်လိုက်ပါ။ ပင်စိမ်းရွက်များအုပ်ကာ သမအောင် မွှေကြော်လိုက်ပါ။

ဒါဆိုရင်တော့ အနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ ပင်စိမ်းရွက်အုပ် ပဲပြားစဉ်းကောကြော်လေး ရရှိသွားပါပြီ။

ထမင်းပန်းကန်ထဲ ထည့်ကာ အပေါ်ကနေ ကြက်ဥ Half-Fried လေးအုပ်ပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Drivemehungry.com