နို့ဆီကို အချိုပွဲနဲ့ အစားအသောက်အမျိုးမျိုးပြုလုပ်တဲ့အခါ စားသုံးလေ့ရှိသလို၊ လက်ဖက်ရည်၊ ကော်ဖီဖျော်တဲ့အခါမှာလည်း ထည့်ဖျော်မယ်ဆိုရင် အင်မတန်သောက်လို့ကောင်းပါတယ်။ နို့ဆီထဲမှာ ပါဝင်တဲ့အာဟာရတန်ဖိုးကလည်း အံ့အားသင့်စရာကောင်းလှတာကြောင့် နည်းနည်းလေးစားသုံးလိုက်ရုံနဲ့တင် အာဟာရအမြောက်အမြားရရှိနိုင်ပါတယ်။ တစ်ချို့နို့ဆီ အင်မတန်ကြိုက်တဲ့သူတွေဆိုရင်တောင် နို့ဆီကို ဘူးထဲကနေ ဇွန်းလေးနဲ့ တစ်ခါတည်းခပ်စားကြတော့တာပါပဲ။ သူ့ချည်းပဲ စားသုံးရုံနဲ့တင် အရသာတော်တော်ကောင်းနေလို့ပဲဖြစ်ပါတယ်။
နွားနို့နေ့စဉ်မှန်မှန်သောက်သုံးတဲ့အခါ အာဟာရအတွက် ကောင်းကျိုးတွေ အမြောက်အမြားရရှိသလိုပဲ နွားနို့စစ်စစ်ကနေ ထုတ်လုပ်ထားတဲ့နို့ဆီကို စားသုံးမယ်ဆိုရင်လည်း ထပ်တူညီတဲ့အာဟာရတန်ဖိုးကို ရရှိနိုင်ပါတယ်။ အရိုးများကျန်းမာကြံ့ခိုင်ဖို့အတွက် သင့်ခန္ဓာကိုယ်က ကယ်လ်စီယမ်ဓာတ်လိုအပ်ပါတယ်။ နှလုံး၊ ကြွက်သားနဲ့ အာရုံကြောများ ကောင်းမွန်စွာအလုပ်လုပ်ဆောင်နိုင်ဖို့အတွက်လည်း ကယ်လ်စီယမ်ဓာတ်က မရှိမဖြစ်အရေးကြီးပါတယ်။ ဗီတာမင် အေကတော့ ကြီးထွားဖွံ့ဖြိုးဖို့အတွက်နဲ့ ကိုယ်ခံစွမ်းအားကောင်းမွန်ဖို့၊ အမြင်အာရုံကောင်းမွန်ဖို့အတွက် အထောက်အကူပြုပါတယ်။
သံဓာတ်ကလည်း ကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။
ဒီလိုအာဟာရဓာတ်အားလုံးကို တစ်စုတစ်စည်းတည်းရရှိနိုင်တဲ့နည်းလမ်းကတော့ နို့ဆီစားသုံးခြင်းပဲဖြစ်ပါတယ်။ နို့ဆီ ပန်းကန်လုံးတစ်လုံးစာထဲမှာ ကယ်လ်စီယမ်ဓာတ် ၆၆ ရာခိုင်နှုန်း၊ ဗီတာမင် အေ ၁၂ ရာခိုင်နှုန်း၊ ဗီတာမင်စီဓာတ် ၈ ရာခိုင်နှုန်း၊ သံဓာတ် ၃ ရာခိုင်နှုန်းတို့ပါဝင်တာကြောင့် ဈေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပြီး အာဟာရဓာတ်လုံလောက်စွာပါဝင်တဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WH0) ရဲ့ လေ့လာပြောကြားချက်အရ တစ်နှစ်မှာ လူသန်းပေါင်း ၁.၅ သန်းခန့်က သံဓာတ်နဲ့ ဗီတာမင် အေ ဓာတ် လုံလောက်စွာမရရှိခြင်းကြောင့် အသက်ဆုံးရှုံးနေကြရပါတယ်။ ဒီလိုအာဟာရဓာတ်လုံလောက်စွာ မရရှိခြင်းက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဖြစ်များပါတယ်။ နည်းပါးလှတဲ့ဝင်ငွေတွေက နေ့စဉ်နေ့တိုင်းမှာ အာဟာရမျှတအောင်စားသုံးဖို့ ခက်ခဲလှပါတယ်။ ဒါပေမယ့် နွားနို့ကတော့ ကယ်လစီယမ်ဓာတ်နဲ့ အခြားသောအာဟာရဓာတ်များ ကြွယ်ဝတဲ့အတွက်ကြောင့် လူသန်းပေါင်းများစွာကို အာဟာရဓာတ်လုံလောက်စွာ ပေးစွမ်းနိုင်ပါတယ်။ နွားနို့စစ်စစ်ကနေထုတ်လုပ်ထားတဲ့ Abevia Gold နို့ဆီက ကလေးငယ်များကြီးထွားမှုအတွက် လိုအပ်တဲ့ စွမ်းအင်၊ ပရိုတိန်းနဲ့ အာဟာရဓာတ်များကို ပံ့ပိုးပေးနိုင်တဲ့အပြင် ဝင်ငွေနည်းတဲ့ အခြေခံလူတန်းစားများလည်း ဈေးသက်သက်သာသာနဲ့ဝယ်ယူနိုင်ပါတယ်။
သဘာဝနွားနို့စစ်စစ်ကနေ ထုတ်လုပ်ထားတာကြောင့် ကော်မှုန့်ပါဝင်ခြင်းမရှိတဲ့အပြင် ပရိုတိန်း၊ ကယ်လ်စီယမ်နဲ့ဗီတာမင်ဓာတ်တွေ ပြည့်ဝစွာပါဝင်လို့ ကျန်းမာရေးနဲ့ညီညွှတ်ပါတယ်။ ကလေးငယ်တွေ နို့ဆီကြိုက်လွန်းလို့ ခဏခဏစားသုံးနေမယ်ဆိုရင်လည်း ချွဲကြပ်မှာကို စိုးရိမ်စရာမလိုတော့ပါဘူး။ အိမ်တိုင်းအိမ်တိုင်းမှာ Abevia နို့ဆီကိုသာ ဆောင်ထားမယ်ဆိုရင် ကလေးငယ်များရဲ့ကျန်းမာရေးအတွက်လည်း စိတ်ချရသလို ပေါင်မုန့်နဲ့တွဲစားရင်ဖြစ်ဖြစ်၊ အသီးဖျော်ရည် ဖျော်သောက်ရင်ပဲဖြစ်ဖြစ် အရသာရှိရှိ စားသုံးနိုင်တာကတော့Abevia နို့ဆီရဲ့ အားသာချက်တွေပဲဖြစ်ပါတယ်။








