အားလုံးပဲမင်္ဂလာပါနော်။

စားမှာပဲ စားမှာပဲ ဆိုတဲ့ Foodies လေးတွေ ရှိကြလားရှင့်။

ဒီတခါမှာတော့ စင်ကာပူကို အလည်သွားရင် Foodies လေးတွေ ဘယ်လို ဘယ်လိုအစားအစာတွေစားကြမလဲဆိုတာ ဘယ်စားသောက်ဆိုင်သွား ရမယ်ဆိုတာကို ပြောပြသွားချင်ပါတယ်။

Singapore Food Festival

စင်ကာပူ က Foodies တွေအတွက် အစားအသောက်နဲ့ပတ်သက်ပြီး စိတ်ပူစရာမလိုတဲ့ နိုင်ငံလေးတစ်ခုပါ။ အိန္ဒိယစာ၊ တရုတ်စာ၊ မြန်မာစာ၊ အနောက်တိုင်းအစားအစာ ဘာစားချင်လဲ စားချင်တာ အကုန်ရပါတယ်။ အခုအချိန်က စင်ကာပူ အစားအသောက်ပွဲတော် (Singapore Food Festival) ကို ကျင်းပနေတာဆိုတော့ ဒီအချိန်မှာ စင်ကာပူကိုသွားလည်ရင် နိုင်ငံစုံက အစားအသောက်မျိုးစုံတင်မကဘဲ စင်ကာပူရဲ့နာမည်ကြီး စားဖိုမှူးတွေရဲ့ လက်ရာကိုလည်း ပွဲတော်ထဲမှာပဲ မြည်းစမ်းလို့ရလို့ အရမ်းကိုအဆင်ပြေပါတယ်။

New Ubin Seafood Restaurant

ပင်လယ်စာကြိုက်တဲ့သူတွေအတွက် ကတော့ လတ်ဆတ်တဲ့ ပင်လယ်စာတွေကို ရိုးရာဟင်း ချက်အမွှေးရနံ့အတူ ချက်ပြုတ်ထားတဲ့ အရသာရှိတဲ့ ဟင်းလျာတွေကို မြည်းစမ်းကြည့်ချင်တယ်ဆိုရင် New Ubin Seafood Restaurant က အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဒီစားသောက်လေးက tze char ရိုးရာဟင်းလျာကို လူအများသိထားတဲ့ပုံစံ မျိုးနဲ့မဟုတ်ဘဲ ထူးခြားဆန်းသစ်တဲ့ အတွေးအမြင်တွေနဲ့ ပြောင်းလဲချက်ပြုတ်ပြင်ဆင်ပြီး စားသုံးသူတွေကို လွန်ခဲ့တဲ့နှစ်တွေကတည်းက တည်ခင်းပေးနေခဲ့တာပဲ ဖြစ်ပါတယ်။

ခေါက်ဆွဲကြိုက်တဲ့အယ်ဒီတာအတွက် ကတော့ အဆီနည်းပြီး ကျန်းမာရေးနဲ့လည်းညီညွတ်တဲ့ Bee Hoon ဆန်ခေါက်ဆွဲပါပဲ။ ဒီနာမည်ကို စင်ကာပူလူမျိုးတွေက ပေးထားတာမဟုတ်ဘဲ စင်ကာပူနိုင်ငံကို လာရောက်လည်ပတ်တဲ့ လူတွေကြားမှာ နာမည်ကြီးလာပြီးနောက်မှာ Bee Hoon ဆန်ခေါက်ဆွဲ လို့ အမြင်တွင်သွားတာပဲ ဖြစ်ပါတယ်။

တကယ်တော့ စင်ကာပူလူမျိုးတွေ နေ့စဉ်စားသောက်လေ့ရှိတဲ့ ပုံစံအတိုင်း ကြော်ထားတဲ့ ဆန်ကြာဇံကြော်တစ်မျိုးဖြစ်ပြီး စင်ကာပူရဲ့ street food တစ်ခုဖြစ်ပါတယ်။ ဒီလောက်နာမည်ကြီးတဲ့ Bee Hoon ဆန်ခေါက်ဆွဲကို မစားဖူးရင် ခေတ်နောက်ကျသွားမယ်နော်။

Tiong Bahru Food Court

ဟောင်းပေမဲ့ ကောင်းနေဆဲ သစ်လွင်နေဆဲ စကားကို ကြားဖူးကြတယ်မဟုတ်လား။

Tiong Bahru Food Court က ဆိုရင် ၁၉၅၀ ခုနှစ်ကတည်းက ဖွင့်ခဲ့တဲ့ စားသောက်ဆိုင်တန်းလေးပဲ ဖြစ်ပါတယ်။ စင်ကာပူမှာ နှစ်သက်ရှည်ကြာတဲ့ အရာတွေထဲ က တစ်ခုလို့ ပြောလို့ရပါတယ်။ ဒီလိုနေရာမျိုးမှာမှ စင်ကာပူရဲ့နာမည်ကြီး hawker တွေရဲ့ လက်ရာကို ဈေးသက်သက်သာသာနဲ့ စားသောက်နိုင်ပြီး စင်ကာပူနိုင်ငံရဲ့ အတိတ်အငွေ့အသက်တွေကို ခံစားကြည့်သင့်ပါတယ်။ ဆိုင်တိုင်းဆိုင်တိုင်းမှာ ရိုးရာနည်းအတိုင်း ချက်ပြုတ်ပြင်ဆင်ကြပြီး စင်ကာပူနိုင်ငံသားတွေရဲ့ အကြိုက်ဆုံးဟင်းလျာတွေကို ရရှိနိုင်ပါတယ်။

Tiong Bahru Food Court က စင်ကာပူနိုင်ငံကို လာလည်မယ့်သူတွေနဲ့ လက်လွှတ်မခံဘဲ သွားသင့်တဲ့ နေရာတွေထဲမှာ ပါပါတယ်။ လုံးဝကိုမြည်းစမ်းကြည့်ဖို့ သွားရမယ့်ဆိုင်တွေကို Foodies လေးတွေအတွက် ပြောပြချင်ပါတယ်။ အဲဒါတွေကတော့ Hokkien Mee, the Curry Noodle, Cantonese Roast နဲ့ Fried Kway Teow တို့ပဲဖြစ်ပါတယ်။ တခြားဆိုင်တွေလည်း အများကြီးရှိပါသေးတယ်နော်။ ဒါကတော့ စင်ကာပူရောက်ပြီဆိုရင် တကယ့်ကို အရသာရှိပြီး သူမတူထူးခြားတဲ့အရသာရှိတဲ့ ဟင်းလျာတွေကို မြည်းစမ်းချင်တဲ့သူအတွက် သွားကိုသွားရမယ့်  နေရာတစ်ခုပဲ ဖြစ်ပါတယ်။

Plain Vanilla

Handmade bakery က မုန့်လေးတွေကို စားကြည့်ချင်နေပြီလား။

ဒါဆိုရင်တော့ Handmade bakery တစ်ခုဖြစ်တဲ့ Plain Vanilla ဆိုတဲ့ကိတ်မုန့်ဆိုင်လေးကို သွားပါလို့ အကြံပြုပါရစေနော်။ အကန့်အသတ်နဲ့သာ ထုတ်လုပ်တာဖြစ်ပြီး ပါဝင်ပစ္စည်းတွေအားလုံးက သန့်ရှင်းလတ်ဆတ်တဲ့ပြီး ကြာရှည်ခံဆေး လုံးဝမသုံးထားတဲ့ ကိတ်မုန့်လေးတွေ ဖြစ်တဲ့အပြင် Plain Vanilla ကို ဖန်တီးသူတွေကလည်း ပြီးပြည့်စုံတဲ့ အရသာတွေ ရရှိဖို့အတွက် အမြဲအချိန်ပေး အာရုံစိုက်လေ့ ရှိပါတယ်။

Foodies လေးဟာ ကော်ဖီကြိုက်တဲ့သူတစ်ယောက်ဆိုရင် ကိုယ်ချစ်တဲ့သူတွေနဲ့ အေးအေးဆေးဆေး သက်တောင့်သက်သာနေရာမှာ စကားစမြည်ပြောချင်တယ်ဆိုရင် Plain Vanilla ကို မကြာခဏလာနေမိမှာပါပဲ။ ကျယ်ဝန်းတဲ့ခြံဝန်း ခြောက်သွေ့ပြီးလေညှင်းခံလို့ရတဲ့ ထိုင်ခုံနေရာ အပြင်အဆင်တွေနဲ့ဆိုတော့ Foodies လေးတွေရဲ့ Instagram အတွက် ပုံကောင်းကောင်းလေးတွေ ရနိုင်တယ်နော်။

Plain Vanilla ဆိုင်ရှေ့ က စက်ဘီးအဟောင်းလေးတွေရယ် ပန်းခြံလေးတွေ က စင်ကာပူမှာနေထိုင်ကြတဲ့သူတွေအတွက် ကတော့ သူတို့နိုင်ငံလေးရဲ့  အတိတ်အငွေ့အသက်တွေ  ပြည့်နေတဲ့အတွက် ဆိုင်ရဲ့ ပတ်ဝန်းကျင်အငွေ့အသက်လေးတွေက သူတို့ကိုယ်တိုင်အတွက်ရော လာရောက်တဲ့ နိုင်ငံတကာက ဧည့်သည်တွေအတွက်ပါ စိတ်ဝင်စားစရာတွေ ပြည့်နေပါတယ်။

Plain Vanilla ရဲ့ပတ်ဝန်းကျင်မှာလည်း တခြားစတိုင်ကျပြီးသက်တောင့်သက်သာကျတဲ့ ဆိုင်လေးတွေ အများကြီးကျန်နေသေးတဲ့အတွက် သူငယ်ချင်းတွေနဲ့ ပြီးပြည့်စုံတဲ့နေ့လည်ခင်းလေးတွေ ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။

Clarke Quay

Clarke Quay က pre-drink အချိန်တွေအတွက် ဘယ်တော့မှလက်မလွှတ်သင့်တဲ့ နေရာဖြစ်တဲ့အပြင် သူငယ်ချင်း၊မိသားစု ဒါမှမဟုတ် ချစ်သူနဲ့ပဲဖြစ်ဖြစ် လည်ပတ်ဖို့ သင့်တော်တဲ့ နေရာပဲဖြစ်ပါတယ်။

အသင့်တော်ဆုံးနေရာလေးပါ။ဘားတွေ ကလပ်တွေ နဲ့ စားသောက်ဆိုင်လေးတွေအပြင် Live music တွေက လည်း တခြားနေရာမှာမရနိုင်တဲ့ ပျော်ရွှင်မှုတွေကို ပေးပါတယ်။ လတ်ဆတ်တဲ့ လေကို ရှူပြီး မြစ်ကမ်းဘေးတစ်လျောက်မှာ စားသောက်ဆိုင်တွေ ဘားတွေ ကလပ်တွေမှာ အပီကဲလို့ ရပါတယ်။ အစားအသောက်ကတော့ ရွေးချယ်စရာတော်တော်စုံပါတယ်။ လူမျိုးပေါင်းစုံ နိုင်ငံပေါင်းစုံအပြင် စင်ကာပူနိုင်ငံက တကယ့် Authentic ဖြစ်တဲ့ အစားအသောက်တွေကို တ၀ကြီး မြည်းစမ်းနိုင်မှာပါ။ ညဘက်ဆို အမြဲလူစည်ကားနေတတ်တဲ့နေရာတစ်ခုပါပဲ။ စားပြီးသောက်ပြီးရင် မြစ်ကမ်းနံဘေးမှာ လမ်းလျောက်ပြီး ညအလှကို ခံစားရတာဟာ တကယ့်ကို ကြည်နှူးစရာပါ။ အဲဒိအချိန်မှာLive Music ကလည်းဆိုနေဦးမယ်ဆိုတော့ ဘာမှကို မလိုတော့တာပါ။ ဒါတင်ဘယ်ကမလဲ။ မြစ်ထဲမှာRiver Cruise လည်း စီးလို့ ရပါသေးတယ်။

Mischief Bar

အမေရိကန်စတိုင်လ် နဲ့ Mischief Bar ဟာဆိုရင်မြစ်ကမ်းနံဘေးမှာရှိတဲ့ Esplanade ပြဇာတ်ရုံ

အနားမှာရှိတာဖြစ်ပြီး  အစားအသောက်မီနူးတွေကလည်း အမေရိကန်တွေရဲ့ ရိုးရာအစားအသောက်တွေကို စင်ကာပူစတိုင်လ် ပေါင်းစပ်ဖန်တီး တာဖြစ်တဲ့အတွက် Mischief ရဲ့ညစားက Foodies တွေရဲ့ချစ်ရတဲ့သူတွေ အတွက် တကယ့်ကို အမှတ်တရဖြစ်မယ့် ညလေးကို ဖန်တီပေးနိုင်ပါတယ်။ Mischief က ကလပ်မသွားခင်မှာ သူငယ်ချင်းတွေအားလုံးစုပြီး ညစာကောင်းကောင်းလေး စားမယ်ဆိုရင် အသင့်တော် ဆုံးနေရာတွေထဲမှာ တစ်နေရာ ပါပါတယ်။  မိသားစုတွေအတွက်လည်း ပျော်ပျော်ပါးပါး ညစာစားသောက်ဖို့အတွက်  ပြောစရာမလိုအောင် သင့်တော်တဲ့နေရာတစ်ခုပဲ ဖြစ်ပါတယ်။