အားလုံးပဲ မင်္ဂလာပါ။ Air Fryer အိုး အသုံးပြုခြင်းရဲ့အကျိုးကျေးဇူးတွေကတော့ လူပင်ပန်း သက်သာခြင်း၊ ဆီများများစားသုံးခြင်းမှ ရှောင်ကြဉ်နိုင်ခြင်းတို့ပဲဖြစ်ပါတယ်။

Air Fryere နဲ့ ကြော်တဲ့အခါ ဆီအများအပြား အသုံးပြုစရာမလိုတဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့ ပိုမိုညီညွှတ်ပြီး ကယ်လိုရီပမာဏကိုလည်း ၈၀ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်တာကြောင့် အဝလွန်ခြင်းရောဂါကို ကြိုတင်ကာကွယ်ပြီးသားဖြစ်သွားပါတယ်။

ဒီတစ်ခါမှာတော့ အိမ်ရှင်မများအတွက် Air Fryer အသုံးပြုပြီး အရသာရှိတဲ့ ကြက်တောင်ပံကြော် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ ၁.၅ ပေါင်
  • ကြက်သွန်ဖြူမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ကြက်သွန်နီမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ဆော့စ်ပြုလုပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများ

  • နုပ်နုပ်စဉ်းထားသော ကြက်သွန်နီ စားပွဲတင်ဇွန်း တစ်ဝက်
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • နုပ်နုပ်စဉ်းထားသော စပါးလင် စားပွဲတင်ဇွန်း ၅ ဇွန်း
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ

  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်တောင်ပံများကို ကြက်သွန်ဖြူမှုန့်၊ ကြက်သွန်နီမှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ သံလွင်ဆီတို့ဖြင့် သမအောင် ရောနယ်ကာ မိနစ် ၂၀ ခန့် နှပ်ထားလိုက်ပါ။

၂။ ထို့နောက် ကြိုတင်အပူပေးထားသော Air Fryer ထဲတွင် ကြက်တောင်ပံများထည့်ကာ ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ၁၅ မိနစ်ခန့် ထည့်ကြော်လိုက်ပါ။

၃။ သတ်မှတ်ချိန်ပြည့်ပါက ကြက်တောင်ပံများကို အခြားတစ်ဖက်သို့လှန်ကာ ၄၀၀ ဒီဂရီဖာရင်ဟိုက်သို့ အပူချိန် တိုးမြှင့်လိုက်ပြီး ၂ မိနစ်၊ ၃ မိနစ်ခန့် အပူပေးလိုက်ပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ ဆော့စ်ပြင်ဆင်ရပါမယ်။

ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ကြက်သွန်နီထည့်ပြီး ဆီသတ်ပါ။ စပါးလင်နှင့် ကြက်သါန်ဖြူ ထည့်ကာ ၂ မိနစ်ခန့် မွှေကြော်ပါ။ ထို့နောက် ငါးငံပြာရည်ထည့်ပါ။ မီးပိတ်ပြီးနောက် ပျားရည်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောမွှေပါ။

၅။ ရရှိလာတဲ့ ကြက်တောင်ပံကြော်များကို ဆော့စ်ဒယ်အိုးထဲထည့်ကာ အိုးအပူရှိန်လေးနဲ့ပဲ ဆော့စ်များ နှံ့စပ်သွားအောင် မွှေပေးရပါမယ်။

ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ကြက်တောင်ပံကြော်လေး ရရှိသွားပါပြီ။

Source: Delightfulplate.com