Antioxidants ဆိုတာက ဆဲလ်တွေကို ပျက်စီးခြင်းကနေ ကာကွယ်နိုင်ပြီး ပိုမိုပျော်ရွှင်ကျန်းမာသော ဘဝနေထိုင်မှုကိုရဖို့  ကူညီပေးတဲ့ အစားအစာတွေမှာပါဝင်တဲ့ ဒြပ်ပေါင်းပါ။ Antioxidant ကြွယ်ဝတဲ့အစားအစာ တွေက  မှတ်ဥာဏ်ကျဆင်းမှုနဲ့ Dementia ကို ကာကွယ်ဖို့ ကူညီပေးနိုင်တာကြောင့် Antioxidant ကြွယ်ဝတဲ့အစားအစာများကို စားပေးသင့်ပါတယ်။

အေးခဲထားတဲ့ ဘယ်ရီသီး

ဘယ်ရီသီးက  Antioxidant အကြွယ်ဝဆုံး အစားအစာတွေထဲကမှ တစ်ခုဖြစ်ပြီး အေးခဲထားတဲ့ ဘယ်ရီသီးတွေက လတ်ဆတ်တဲ့ဘယ်ရီသီးတွေထက် ပိုကြီးပြီး ကြာရှည်ခံတာကြောင့် Oatmeal ၊ Smoothies ၊ အချိုပွဲတို့မှာ အမျိုးမျိုးထည့်သွင်း အသုံးပြုလို့ရပါတယ်။

ပဲခြောက်

ပဲက ပုံသဏ္ဍာန်၊ အရွယ်အစားနဲ့ အရသာအမျိုးမျိုးရှိပေမယ့်  သူတို့အားလုံးမှာ  အမျှင်ဓာတ်၊ ပရိုတင်း၊ အာဟာရဓာတ်နဲ့  Antioxidant တွေ အများကြီးပါဝင်ပါတယ်။ ပဲအမျိုးမျိုးမှာပါတဲ့  Antioxidant က ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေပြီး အသက်ရှည်စေနိုင်ပါတယ်။

ပန်းသီး

တစ်နေ့ ပန်းသီးတစ်လုံးစားတာက ဆရာဝန်နဲ့ ဝေးကွာစေတယ်ဆိုတာ သင်ကြားဖူးမှာပါ။ ဗီတာမင် နဲ့ Antioxidant တွေ အစုံအလင်ပါဝင်တဲ့ ပန်းသီးကို ပုံမှန်စားခြင်းက နှလုံးကျန်းမာရေးကို ကာကွယ်ပေးနိုင်ပြီး ဦးနှောက်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်တဲ့အပြင်  ဆီးချိုရောဂါကနေ ကင်ဆာအထိ နာတာရှည်ရောဂါဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။

အေးခဲထားတဲ့ အစိမ်းရောင်များ

Broccoli ၊ ဂေါ်ဖီထုပ်နဲ့ ကိုက်လန်တို့လို အစိမ်းရင့်ရောင် အရွက်အမျိုးမျိုးတို့မှာ Antioxidant တွေ   အမျိုးမျိုး ပါဝင်ပါတယ်။ အေးခဲထားတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ကျန်းမာတဲ့အသားအရေ ၊ ကျန်းမာတဲ့ ကိုယ်ခံအား ၊ ကျန်းမာတဲ့ အမြင်အာရုံနဲ့ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချခြင်း စတဲ့ ခန္ဓာကိုယ် လုပ်ငန်းဆောင်တာ အများအပြားကို ကူညီပေးနိုင်ပါတယ်။

အာလူး

ပိုတက်စီယမ်၊ ဗီတာမင် B6 နှင့် ဗီတာမင် C တို့ အပါအဝင် ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ကြွယ်ဝစွာ ပါ၀င်တဲ့ အာလူးက အစွမ်းထက်တဲ့  Antioxidant တစ်ခုပါ။ ခရမ်းရောင်အာလူးကို စားပေးရင် နှလုံးနဲ့ ကင်ဆာအန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။