အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ကြက်ဥအစာသွပ် ငရုတ်ပွဟင်းပွဲလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငရုတ်ပွ ၃ လုံး (အနီ၊ လိမ္မော်နှင့် အဝါ)
  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ တစ်ဥ (ပါးပါးလှီးထားပါ)

  • အနံ့မွှေးရန်အတွက် ရှောက်ရွက် (သို့) ပျဉ်းတော်သိမ်ရွက် အနည်းငယ်
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ချိစ် အနည်းငယ်
  • ကြက်ဥ ၆ လုံး
  • Ketchup ဆော့စ် စားပွဲတင်ဇွန်း ၁၆ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ ငရုတ်ပွကို ထက်ခြမ်း ခြမ်းပြီးနောက် အထဲကအစေ့များကို ဖယ်ရှားပါ။ ထို့နောက် ပန်းကန်လုံးထဲထည့်ပါ။ ရေ စားပွဲတင်ဇွန်း ၅ ဇွန်းထည့်ပြီးနောက် ဆားနှင့် ငရုတ်ကောင်းမှုန့်များ ဖြူးထည့်ပါ။ ထို့နောက် ထိုပန်းကန်လုံးကို ပလပ်စတစ်အုပ်ကာ Oven ထဲတွင် ၅ မိနစ်ခန့် အပူပေးပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ထောပတ်နှင့် သံလွင်ဆီတို့ထည့်ပါ။ ထောပတ် အရည်ပျော်သွားပါက ကြက်သွန်ဖြူထည့်ပြီး ၁ မိနစ်ခန့် ဆီသတ်ပါ။ ထို့နောက် ကြက်သွန်နီထည့်ကာ သမအောင် ရောမွှေပါ။ ထို့နောက် ချိစ် ထပ်ထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်ပါ။

၄။ လင်ဗန်းတစ်ခုထဲသို့ Ketchup ဆော့စ်များ လောင်းထည့်ပါ။ ငရုတ်ပွများကို လင်ဗန်းထဲ ထည့်ပြီးနောက် စောစောက ကြက်သွန်နီနှင့် ချိစ်အရောအနှောများကို ငရုတ်ပွထဲသို့ ထည့်ပါ။ (ကြက်ဥ ဖောက်ထည့်ဖို့ ဟောင်းလောင်းပေါက်လေး ချန်ထားဖို့ လိုပါမယ်) ပြီးရင်တော့ Oven ထဲမှာ ၁၀ မိနစ်ခန့် အပူပေးပါ။

၅။ သတ်မှတ်ချိန်ပြည့်တဲ့အခါ ကြက်ဥ တစ်လုံးချင်းစီကို ငရုတ်ပွထဲ ဖောက်ထည့်ပါ။ ငရုတ်ကောင်းအနည်းငယ် ဖြူးထည့်ပါ။ ထို့နောက် Oven ထဲတွင် ၁၀ မိနစ်ခန့် ထည့်ဖုတ်ပါ။

အားလုံးပြီးသွားတဲ့အခါမှာတော့ ရှောက်ရွက်များ ဖြူးထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ဥအစာသွပ် ငရုတ်ပွဟင်းလျာတစ်ပွဲ ရရှိသွားပါပြီ။

Source: Foodiecrush.com