အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ထူးထူးဆန်းဆန်းလေးနဲ့ အရသာလည်းရှိ ဗိုက်လည်းပြည့်တဲ့ မုန်လာဥ ဆန်မုန့်ကြော်လေး လုပ်စားရအောင်ပါ။

ပါဝင်ပစ္စည်းတွေကလည်း သိပ်ပြီးရှာရမခက်ဘူးဆိုတော့ စာဖတ်သူတို့လည်း လုပ်စားရတာအဆင်ပြေမှာပါနော်။

ပါဝင်ပစ္စည်း

  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဝက်သားတောက်တောက်စဉ်း ၁၄၂ ဂရမ်
  • ဂျင်းတောက်တောက်စဉ်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • မုန်လာဥနီ နုတ်နုတ်စဉ်း ၃၄၀ ဂရမ်
  • ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ရေ ၂ ခွက်မှ ၂ ခွက်ခွဲ
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ကြက်သွန်မြိတ် ၅ ပင် (နုတ်နုတ်စဉ်းပါ)
  • ဆန်မှုန့် ခွက် ၁ ခွက်ခွဲ
  • ပြောင်းဖူးကော်မှုန့် စားပွဲတင်ဇွန်း ၁ဇွန်းခွဲ

ပြုလုပ်နည်း

အရင်ဆုံး ဆီကို အိုးထဲမှာအပူပေးလိုက်ပြီး ဝက်သားထည့်လိုက်ပါ။ စက္ကန့် ၃၀ လောက်ထားပြီး ဂျင်း ကိုထည့်လိုက်ကာ သေချာမွှေလိုက်ပါ။

အဲဒီနောက် မုန်လာဥနီနဲ့ ဝိုင်ကိုထည့်လိုက်ပါ။ စက္ကန့် ၃၀ လောက်ထပ်မွှေလိုက်ပြီး ရေနွေး ၂ ခွက်ထည့်ပါ။ ဆူလာတဲ့အထိထားပါ။ ဆူလာရင် ဆား၊ ငရုတ်ကောင်းမှူန့်၊ နှမ်ဆီထည့်လိုက်ပါ။

နောက်ထပ် ၃ မိနစ်လောက်ထားထားပါ။ အဲဒီနောက် ကြက်သွန်မြိတ်ထည့်လိုက်ပါ။ ခဏလောက်ထားပြီး မီးကိုငြိမ်းလိုက်ပါ။

အဲဒီနောက် မုန်လာဥနီ၊ ဝက်သားနဲ့ ကြက်သွန်မြိတ်ကြော်ထားတာကို ဆယ်ထုတ်လိုက်ပါ။


အဲဒီနောက် ရေ ၁ခွက်ကျော်လောက်ထည့်လိုက်ပြီး ဆန်မုန့်နဲ့ ပြောင်းဖူးကော်မှုန့်ထည့်လိုက်ပါ။ ပြီးရင်တော့ သေချာလေး ရောပေးလိုက်ပါ။

အိုးထဲမှာ ရေထည့်လိုက်ပြီး ဆူလာပြီဆိုရင်တော့ အပူခံနိုင်တဲ့ တုံးလေးကိုခုလိုက်ကာ စောစောက ရောထားတာကို တင်လိုက်ပါ။ အဖုံးအုပ်ထားလိုက်ပြီး မိနစ် ၆၀ လောက်တည်ထားလိုက်ပါ။

အဲဒီနောက် နည်းနည်းပျစ်သွားတဲ့အထိ တည်ထားလိုက်ပြီးတော့ မီးဖိုပေါ်ကချကာ မိနစ် ၃၀ လောက်အအေးခံလိုက်ပါ။ ရေလေးနည်းနည်းရှိနေတာက သဘာဝကျပါတယ်။ ပြီးရင်တော့ ပြန်ပြီး စိမ့်ဝင်သွားမှာဖြစ်ပါတယ်နော်။

အဲဒီနောက် ရေခဲသေတ္တာထဲမှာအအေးခံလိုက်ပါ။

ပြီးရင်တော့ အပြင်ထုတ်လိုက်ပြီး ဓားလေးနဲ့ ပါးပါးလှီးလိုက်ပါ။

ပြီးရင်တော့ ဆီလေးပါးပါးထည့်လိုက်ပြီး ကြော်လိုက်လို့ရပါပြီနော်။

Source: thewoksoflife

By: MyFood Myanmar