အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အရည်သောက်စွပ်ပြုတ်ဟင်းရည် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အာဟာရပြည့်ဝစေမယ့် ကြက်စွပ်ပြုတ်ဟင်းရည်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်တစ်ကောင်
  • ကြက်သွန်နီ ၁ ဥ
  • စပါးလင် ၂ ပင်
  • မုန်လာဥနီ အကြီး တစ်လုံး
  • မှို ၄ ပွင့်

  • ဂျင်း တစ်တုံး
  • ငရုတ်သီးမှုန့် အနည်းငယ်
  • ရေ ၁ လီတာ

ပြုလုပ်နည်းအဆင့်ဆင့်

၁။ မုန်လာဥနီကို အခွံခွာပြီးနောက် အတုံးခပ်ကြီးကြီး လှီးထားပါ။ စပါးလင်ကိုလည်း ဓားလက်ကိုက်ဖြင့် ပြားနေအောင် ထုထောင်းပြီးနောက် ခပ်ကြီးကြီးလှီးထားပါ။

မှို၊ ဂျင်း၊ ကြက်သွန်နီ အစရှိသည်တို့ကိုလည်း ခပ်ကြီးကြီး လှီးဖြတ်ထားလိုက်ပါ။

၂။ ကြက်သားကို ဒန်အိုးအကြီးတစ်လုံးထဲတွင် ထည့်ပြီးနောက် မှို၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ စပါးလင်တို့ကို ကြက်သားအပေါ်တွင် တင်ထားလိုက်ပါ။

ဒန်အိုးထဲသို့ ရေထည့်ပြီးနောက် ၄၅ မိနစ်၊ ၁ နာရီခန့် ပြုတ်ထားလိုက်ပါ။

၃။ အချိန်ပြည့်သွားတဲ့အခါမှာတော့ ဆား၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်တို့ထည့်ပြီးနောက် အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

ထိုအဆင့်များအားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကြက်စွပ်ပြုတ် အရည်သောက်လေး ရရှိသွားပါပြီ။

ကြက်သားကို အကောင်လိုက် စားသုံးနိုင်သလို ကြက်သားကို ဆယ်ယူပြီးနောက် အတုံးခပ်သေးသေးတုံးကာ လုပ်စားလို့လည်း ရပါသေးတယ်။

Source: Kitchenbowl.com