ပါစတာချက်ဖို့အတွက် ခေါက်ဆွဲပြုတ်တဲ့အခါမှာ တစ်မျှင်နဲ့တစ်မျှင်မကပ်အောင်လို့ ဆီထည့်ရမယ်လို့ သင်တွေးကောင်းတွေးမိနိုင်ပါတယ်။ သို့သော်လည်း အခုလိုမျိုး ဆီထည့်လိုက်ခြင်းက သင့်ရဲ့ဟင်းလျာအတွက် အကျိုးမဲ့တဲ့လုပ်ရပ်တစ်ခုပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ နောက်ပိုင်းအနှစ်ထည့်ပြီးသုပ်တော့မယ်ဆိုရင် သင်ဆီထည့်ပြီးပြုတ်ထားတဲ့အတွက်ကြောင့် ချော်ကျိကျိဖြစ်ပြီး အနှစ်နှံ့အောင်နယ်လို့ရတော့မှာမဟုတ်ပါဘူး။

ဒါကြောင့် အခုလိုမျိုး အမှားလေးတွေပြုလုပ်မိလို့ ကိုယ့်ရဲ့ဟင်းလျာတစ်ခုလုံး လွှင့်ပစ်လိုက်ရတာမျိုး မဖြစ်စေဖို့အတွက် ရှောင်ရှားသင့်တဲ့အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

ခဲထားတဲ့အသားကို ပျော့သွားအောင်မထားခြင်း

ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားတဲ့ အသားတွေကို မချက်ပြုတ်ခင် အခန်းအပူချိန်မှာ ခဏလောက်ထားပေးပါ။ မဟုတ်ပါက အပြင်တူးပြီး အတွင်းမကျက်တော့သလိုမျိုး အသားကျက်တာညီတော့မှာမဟုတ်ပါဘူး။

အသားကင်ပြီးပြီးချင်း ချက်ချင်းမလှီးပါနဲ့

အသားချက်ပြုတ်တဲ့အခါမှာ အရည်အများစုက အလယ်မှာစုဝေးနေတတ်ပါတယ်။ ဒါကြောင့် အိုးပေါ်ကချပြီးနောက်မှာ အရည်တွေအသားအနှံ့ပျံ့သွားတဲ့အထိ ခဏစောင့်ပြီးမှ လှီးပေးပါ။

ထမင်းချက်နေတုန်း မမွှေပါနဲ့

ဆန်ပြုတ်ချက်တဲ့အချိန်မဟုတ်ရင် ထမင်းတည်နေတုန်း မမွှေပါနဲ့လို့အကြံပြုချင်ပါတယ်။ မဟုတ်ရင်တော့ အဆီတွေထွက်လာမှာဖြစ်ပြီး ထမင်းကပျော့ပြဲသွားပါလိမ့်မယ်။

ထမင်းချက်နေတုန်း အဖုံးမလှပ်ပါနဲ့

ဒန်အိုးနဲ့ထမင်းအိုးတည်နေတယ်ဆိုရင် ထမင်းကျက်ပြီလားမကျက်သေးဘူးလားဆိုပြီး သိဖို့ဆိုပြီးတော့ အဖုံးလှပ်မကြည့်မပါနဲ့။ အဖုံးလှပ်လိုက်မယ်ဆိုရင် အိုးထဲကအပူတွေထွက်သွားပြီး ထမင်းအောက်ခြေထက် အပေါ်ယံက အကျက်လျော့သွားပါလိမ့်မယ်။

ငါးကိုရေခြောက်အောင် မစစ်ခြင်း

ငါးကိုရေစစ်ပြီးနောက် သေချာမစစ်မိဘဲ ရေကျန်နေသေးတယ်ဆိုရင် အိုးထဲထည့်ကြော်တဲ့အခါမှာ ဆီတွေအသားကုန်ပေါက်ပါလိမ့်မယ်။ ဒီအခါ သေချာမကြော်နိုင်တော့ဘဲ ငါးကြော်ကလည်း ပုံပျက်သွားနိုင်ပါတယ်။

Source: Bright Side