အားလုံးပဲ မင်္ဂလာပါ။ ကြက်ဥကြော်ကို လှလှပပလေးနဲ့ အရသာရှိအောင် ဘယ်လိုကြော်မလဲ၊ ကြက်ကြော်ကို ပုံမှန်ကြော်နေကျမဟုတ်ဘဲ KFC က ကြက်ကြော်ပုံစံမျိုးဖြစ်အောင် ဘယ်လိုကြော်မလဲ စတဲ့ နည်းလမ်းကောင်းလေးတွေကို ဒီဆောင်းပါးလေးထဲမှာ ဝေမျှပေးသွားချင်ပါတယ်။

ကြက်ဥ Half-Fried ကို အမြင်လှအောင် ဘယ်လိုကြော်ရမလဲ

ကြက်ဥကို ဒယ်အိုးထဲ ဖောက်ထည့်လိုက်တဲ့အခါ ကြက်ဥအကာကို ဘေးဘက်ဆီသို့ ညီညီညာညာ ပြန့်နှံ့သွားဖို့အတွက် ဒယ်အိုးကို အနည်းငယ် စောင်းပေးလိုက်ပါ။ ထို့နောက် အိုးအဖုံး ဖုံးထားလိုက်ပါ။ ဒါဆိုရင်တော့ ပြီးပြည့်စုံတဲ့ ကြက်ဥ Half-Fried လေးရရှိသွားပါပြီ။

ကြက်ဥ Half-Fried ကြော်နည်း နောက်တစ်မျိုး

ကြက်ဥကို ဒယ်အိုးထဲ ဖောက်ထည့်ပြီးတဲ့နောက်မှာ ကြက်ဥရဲ့ဘေးဘက်နံရံကနေ ရေအနည်းငယ် လောင်းထည့်လိုက်ပါ။ ထို့နောက် အိုးအဖုံးကို ဖုံးထားလိုက်ပါ။ ဒါဆိုရင်တော့ ကြက်ဥ Half-Fried လေးက အရည်လေးနဲ့ ပြည့်နေတဲ့ ကြက်ဥကြော်လေးဖြစ်သွားပါပြီ။

KFC က ကြက်ကြော်လေး ရအောင် ဘယ်လိုကြော်ရမလဲ

ကြော်မယ့် ကြက်သားတုံးကို အုတ်ဂျုံနဲ့ ကပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ KFC က ပုံစံအတိုင်း ကြက်ကြော်လေး ရရှိသွားပါပြီ။

အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်များ လှီးဖြတ်တဲ့အခါ စဉ်းနီတုံးက ချော်မနေအောင် ဘယ်လိုလုပ်ရမလဲ

စဉ်းနှီးတုံးရဲ့အောက်မှာ ရေစိုတဘက်လေး ခံထားလိုက်ပါ။ ပလပ်စတစ်ကို လက်ပေါ်မှာ ပတ်ထားပြီးနောက် ရရှိလာတဲ့ ပလပ်စတစ်ကွင်းကို စဉ်းနှီးတုံးရဲ့ ထောင့်တစ်ဖက်တစ်ချက်စီမှာ ထားထားလိုက်ပါ။ ဒါဆိုရင်တော့ စဉ်းနှီးတုံးက ချောနေမှာ မဟုတ်တော့ပါဘူး။

ကြက်ဥကို လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန်အခွံခွာကြမယ်

ကြက်ဥအခွံခွာတဲ့အခါ ကြက်ဥအကာတွေက အခွံနဲ့ အရမ်းကပ်နေပြီး ခွာမရဖြစ်နေတတ်ပါတယ်။ ခွာလိုက်တဲ့အခါမှာလည်း ကြက်ဥအကာတွေက အခွံနဲ့အတူတူ ပဲ့ပါသွားတတ်လို့ စိတ်ညစ်နေတယ်ဆိုရင် အခုဖော်ပြပေးမယ့် နည်းလမ်းလေးကို အသုံးပြုပေးလို့ရပါတယ်။

ကြက်ဥ မပြုတ်ခင်မှာ မုန့်ဖုတ်ဆိုဒါနဲ့ ရှာလကာရည်အနည်းငယ်ကို ကြက်ဥပြုတ်မယ့် ရေထဲသို့ ထည့်လိုက်ပါ။ ပြီးမှ ကြက်ဥများကို ပြုတ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ကြက်ဥပြုတ်ပြီးတဲ့အခါ လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန်အခွံခွာလိုက်လို့ရပါပြီ။

လိမ္မော်ခွံ၊ သံပုယိုသီးအခွံ စတဲ့ သစ်သီးများကို လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် အခွံခွာချင်တယ်ဆိုရင်

လိမ္မော်သီး၊ သံပုယိုသီး၊ ရှောက်သီး စတဲ့ သစ်သီးများကို မိုက်ခရိုဝေ့ဖ်ထဲမှာ စက္ကန့် ၂၀ ခန့်ထည့်ထားပြီး အပူပေးလိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့သစ်သီးက အခွံခွာရတာ ပိုမိုလွယ်ကူမြန်ဆန်ပါတယ်။

Source: Brightside.me