အားလုံးပဲ မင်္ဂလာပါ။ ငါးကြော် ကြွပ်ကြွပ်ရွရွလေးကိုမှ စားသုံးချင်သူများအတွက် ငါးကြော်နှပ် အစပ်ဟင်း ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးဝက်မ (သို့) မိမိကြိုက်နှစ်သက်ရာ ငါး ၁ ကောင် (အနေတော်အရွယ်အစား လှီးဖြတ်ထားပါ)
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆား
  • စပါးလင် ၂ ပင် (ပါးပါးလှီးထားပါ)
  • ငရုတ်သီး ၃ တောင့် (ပါးပါးလှီးထားပါ)

  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ပျဉ်းတော်သိမ်ရွက် (သို့) ပင်စိမ်းရွက် အနည်းငယ်
  • ငရုတ်ကောင်းစေ့ ၃ စေ့
  • ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အနေတော်အရွယ်အစား လှီးဖြတ်ထားသော ငါးအတုံးများကို ဂျုံမှုန့်၊ ဆားတို့ဖြင့် သမအောင် နယ်ပါ။

ဒယ်အိုးကို အပူပေးပြီးနောက် ဆီများများထည့်ပါ။ ဆီပူလာပါက ငါးကြော်များ ရွှေညိုရောင် ပြောင်းသွားပြီး ကြွပ်ရွသွားသည်အထိ ကြော်လိုက်ပါ။

၂။ နောက်တစ်ဆင့်အနေနဲ့ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူ ၂ မြွှာထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ ထို့နောက် ပင်စိမ်းရွက် (သို့) ပျဉ်းတော်သိမ်ရွက်၊ ငရုတ်သီးစိမ်း၊ ငရုတ်ကောင်းစေ့၊ ခရုဆီ၊ ငါးငံပြာရည်တို့ထည့်ကာ ၁ မိနစ်ခန့် မွှေပါ။

၃။ ထို့နောက် ရေ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ၂ ဇွန်းခန့်ထည့်က ရေခမ်းပြီး ခြောက်သွားသည်အထိ တည်ထားပါ။ ထို့နောက် စောစောက ကြော်ထားသော ငါးကြော်များထည့်ကာ ငါးကြော်နှင့် ငရုတ်သီးများ နှံ့စပ်သွားသည်အထိ ကြော်ပေးလိုက်ပါ။

အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ငါးကြော်နှပ် အစပ်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Siamsizzles.com