အာလူးကြော်ကြိုက်တဲ့သူတွေ၊ အာလူးကြိုက်တဲ့သူတွေအတွက် ကလေး၊ လူကြီးမရွေး စားလို့ရအောင် အာလူးကြီး အရသာရှိအောင်နယ်ပြီး ကြက်ဥ၊ ဂျုံ၊ Bread crumbs တို့နဲ့ ကြော်စားနိုင်မယ့် နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

အာလူး ၃ လုံးကို ပြုတ်ပြီး ပန်းကန်ထဲထည့်ကာ ကျေညက်အောင်ချေပါ။ ဆား – အနည်းငယ်၊ ငရုပ်ကောင်းမှုန့် – အနည်းငယ်ထည့်ပြီး သမအောင်နယ်ပါ။

ကြက်သွန်နီ အလုံးကြီး – ၁ လုံးကို သေးသေးလေးတွေလှီးပြီး နုတ်နုတ်ဆင်းပါ။ မုန်လာဥနီ – ၁ လုံးကိုလည်း သေးသေးလေးတွေလှီးပြီး နုတ်နုတ်ဆင်းပါ။ Sausages (ကြက်ဥချောင်း) အသေး – ၄ ချောင်းကို သေးသေးလေးတွေလှီးပြီး နုတ်နုတ်ဆင်းပါ။

ဒယ်အိုးထဲကို ဆီနည်းနည်းထည့်ပြီး ထောပတ် – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။

လှီးထားတဲ့ကြက်သွန်တွှေ အရင်ထည့်ပြီး လှီးထားတဲ့ Sausages တွေထည့်မွှေပါ။ ပြီးရင်တော့ လှီးထားတဲ့ မုန်လာဥနီတွေထည့်ကြော်ပါ။

ငရုပ်ကောင်းမှုန့် – အနည်းငယ်နဲ့ curry powder – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ရေ – စားပွဲတင်ဇွန်း ၂ ဇွန်း ထည့်မွှေပါ။

ရပြီဆိုရင် အာလူးချေထားတဲ့ ပန်းကန်ထဲထည့်ပြီး သမအောင်နယ်ပါ။

အားလုံးပြီးရင် စားပွဲတင်ဇွန်းတစ်ဇွန်းစာလောက်ယူပြီး လက်နဲ့ ပုံသွင်းရပါမယ်။

ပန်းကန်လုံးထဲကို ကြက်ဥ တစ်လုံးဖောက်ထည့်ပြီး ဆားထည့်ခလောက်ထားပါ။ ပြီးရင် ဂျုံမှုန့်နဲ့ bread crumbs လည်း အဆင်သင့်ပြင်ထားပါ။

ခုနကလက်နဲ့ ပုံသွင်းထားတဲ့ အာလူးကိုယူပြီး ဂျုံမှုန့်နဲ့နယ်၊ ပြီးရင် ကြက်ဥပန်းကန်ထဲ ထည့်စိမ်၊ ပြီးရင် bread crumbs ပန်းကန်ထဲထည့်နယ်ပါ။

အားလုံးပြီးရင်တော့ ဆီအိုးထဲထည့်ကြော်ရုံပါပဲ။

ကြော်ပြီးရင် ပန်းကန်ထဲထည့်ပြီး အချဉ်နဲ့ ကိုယ်အဆင်ပြေသလို စားသုံးနိုင်ပါပြီ။

Source: www.deliciousday