အိမ်မှာ မိသားစုနဲ့အတူ အချိုမုန့်လေးလုပ်စားလို့ရအောင် အုန်းနို့ငှက်ပျောပေါင်း လွယ်လွယ်ကူကူလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

အုန်းနို့ငှက်ပျောပေါင်းလုပ်ဖို့ ငှက်ပျောသီးမှည့် – ၁ ဖြီး လိုပါတယ်။

အိုးတစ်လုံးကို မီးဖိုပေါ်တင်ပြီး အုန်းနို့ – ခွက်ရဲ့ ၄ ပုံ ပုံ ၃ ပုံစာ ထည့်ပါ။ ရေ – ခွက်ရဲ့ ၄ ပုံ ပုံ ၃ ပုံစာ ထည့်ပါ။ သကြား – စားပွဲတင်ဇွန်း ၃ ဇွန်း (သို့) ၄ ဇွန်း ထည့်ပါ။ ဆား – အနည်းငယ် ထည့်ပြီး တည်ပါ။

အနံ့မွှေးအောင် ဆွမ်းမွှေးရွက်လေးပါ ထည့်ပြီး မွှေမွှေပေးပါ။

ခဏနေရင်တော့ ငှက်ပျောသီး အသေး – ၈ လုံးကို အခွံခွာပြီး ထည့်တည်ထားပါမယ်။

ပွက်ပွက်ဆူလာပြီဆိုရင် အရသာမြည်းကြည့်ပြီး ကိုယ်အဆင်ပြေပြီဆိုရင် ပန်းကန်ထဲထည့်ပြီး စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ လွယ်လွယ်ကူကူလုပ်လို့ရတဲ့ အုန်းနို့ငှက်ပျောပေါင်းကို ရရှိသွားပါပြီ။

Source: www.pailin’skitchen.com