အပ်မှိုကြိုက်သူများအတွက် အိမ်မှာနေတဲ့အချိန် အကုန်အကျနည်းနည်းနဲ့ လွယ်လွယ်ကူကူလုပ်စားလို့ရအောင် အပ်မှိုပန်းကိတ်ကြော်နည်းကို မျှဝေပေးလိုက်ပါတယ်။

လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ အပ်မှိုတစ်ထုပ်၊ ကြက်သွန်မြိတ်အကြီး၊ ကြက်ဥ ၂ လုံး၊ ဂျုံမှုန့် – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ဆား – အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

အပ်မှိုကို တစ်လက်မစာလေးတွေ ပုံမှာပြထားတဲ့အတိုင်း လှီးပြီး ပန်းကန်ထဲထည့်ပါ။

ကြက်သွန်မြိတ်အကြီးကို ပုံမှာပြထားတဲ့ပမာဏလောက် လှီးပြီး ခုနက အပ်မှိုထည့်ထားတဲ့ ပန်းကန်ထဲထည့်ပါ။

ကြက်ဥ ၂ လုံးကိုလည်း ဖောက်ထည့်ပါ။ ဂျုံမှုန့် – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ဆား – အနည်းငယ်ထည့်ပြီး သမအောင်နယ်ပါ။

အားလုံးပြီးရင် ဒယ်ပြားကို မီးဖိုပေါ်တင်၊ ဆီထည့်ပြီး နယ်ထားတာတွေကို ဇွန်းတစ်ဇွန်းစာယူပြီး ထည့်ကြော်ပေးပါ။ ဟိုဘက်၊ ဒီဘက်လှန်ပြီး သေချာကြော်ပေးပါ။

အရောင်ပြောင်းသွားပြီး ရလောက်ပြီဆိုရင်တော့ ပန်းကန်ထဲထည့်ပြီး အချဉ်နဲ့ တို့စားနိုင်သလို၊ ဒီတိုင်းလည်း စားလို့ရပါတယ်။

Source:www.onemealaday