၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာပေါ်မှာ ဘီယာဈေးကွက်တစ်ခုလုံးမှာ ဒေါ်လာ ၆၆၁ ဘီလီယျံ ရောင်းချနိုင်ခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ အများဆုံး ရောင်းချခဲ့ရတဲ့ ဘီယာ အမှတ်တံဆိပ်များကို ဖော်ပြပါမယ်။ တချို့ဘီယာ အမှတ်တံဆိပ်များက အမေရိကန်ပြည်ထောင်စုမှာ ထုတ်ခဲ့သလို တချို့ ဘီယာ တံဆိပ်တွေက တရုတ်နိုင်ငံမှာ ထုတ်ခဲ့ကြပါတယ်။

Snow

Snow ဘီယာတံဆိပ်က ခန့်မှန်းချေ Hectoliters ပေါင်း ၁၀၁.၃ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ Snow ဘီယာ အမှတ်တံဆိပ်ကိုတော့ စာဖတ် ပရိတ်သတ်တွေ သိပ်သိမှာတော့ မဟုတ်ပါဘူး။ ဒီ တံဆိပ်က တရုတ်နိုင်ငံမှာဘဲ ရောင်းချလို့ဖြစ်ပါတယ်။

Budweiser

“Budweiser ဘီယာက ၂၀၁၈ ခုနှစ်မှာ Hectoliters ပေါင်း ၄၉ .၂ သန်းရောင်းချနိုင်ခဲ့ပါတယ်။

Tsingtao

Tsingtao ဘီယာကလည်း တရုတ်နိုင်ငံက ဖြစ်ပြီး ဘီယာ Hectoliters ပေါင်း ၄၉  သန်း ရောင်းချနိုင်ခဲ့ပါတယ်။

Bud Light

အမေရိကန်ပြည်ထောင်စုရဲ့ Light beer ထဲမှာ နာမည်ကြီးတဲ့ Bud Light ဖြစ်ပြီး Hectoliters ပေါင်း ၄၄.၈ သန်းရောင်းချနိုင်ခဲ့ပါတယ်။

SKOL

Hectoliters ပေါင်း ၃၅.၁ သန်းရောင်းချနိုင်ခဲ့ပြီး SKOL က ဘရာဇီးမှာ ထုတ်လုပ်တဲ့ ဘီယာ ဖြစ်ပါတယ်။

Heineken

နယ်သာလန်နိုင်ငံမှာထုတ်လုပ်တဲ့ Heineken ကတော့ ကမ္ဘာ့ရောင်းအားအကောင်းဆုံး နံပါတ် ၆ ထဲမှာပါပါတယ်။ မြန်မာနိုင်ငံမှာလည်း Heineken ကို သောက်ကြပါတယ်။ ဘီယာ Hectoliters ပေါင်း ၃၄.၃ သန်းရောင်းချနိုင်ခဲ့ပါတယ်။

အဲ့ဒီအပြင် မြန်မာနိုင်ငံမှာရရှိနိုင်တဲ့ နောက်ထပ် ဘီယာ တစ်မျိုးဖြစ်တဲ့  CORONA ကတော့ ရောင်းအားအကောင်းဆုံး နံပါတ် ၉  အဆင့်ရှိပြီး Hectoliters ပေါင်း ၂၈.၈ သန်းရောင်းချနိုင်ခဲ့ပါတယ်။