[Unicode]

နိုင်ငံတကာတွင် လူကြိုက်များထင်ရှားတဲ့ အွန်လိုင်းအစားအသောက် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း foodpanda အား ခမ်းနားကြီးကျယ်လှသော ဖွင့်ပွဲအခမ်းအနားနှင့်အတူ မြန်မာနိုင်ငံတွင် ယနေ့မိတ်ဆက်ခဲ့ပါတယ်။ foodpanda ဟာ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့တွင် ဝန်ဆောင်မှုများအား စတင်ပေးအပ်သွားမှာဖြစ်ပြီး စားသောက်ဆိုင်ပေါင်း ၁,၀၀၀ ကျော်မှ စားသောက်ဖွယ်ရာများအား မှာယူသူများထံသို့ အချိန်တိုအတွင်း အဆင်ပြေလွယ်ကူစွာဖြင့် အရောက် ပို့ဆောင်ပေးသွားမည် ဖြစ်ပါတယ်။

စားသုံးသူများအနေနှင့် KFC, Pizza Hut, Marrybrown, Gong Cha, Pezzo Pizza, Cafe Amazon, The Manhattan Fish Market, Pizza Maru, Cheese O’Tea, Tom & Toms coffee အပါအဝင်နိုင်ငံတကာတွင် လူကြိုက်များကျော်ကြားသော စားသောက်ဆိုင်များအပြင် ရန်ကုန်မြို့တွင်း လူကြိုက်များကျော်ကြားသော ပြည်တွင်းစားသောက်ဆိုင်များဖြစ်တဲ့ YKKO၊ တင့်တင့်မြန်မာ၊ ရန်ကုန်တီးဟောက်စ်၊ ရှမ်းရိုးရာ၊ The Pansodan၊ Mr.Chef တို့အပါအဝင် အခြားစားသောက်ဆိုင်များမှ အစားအသောက်များကို လွယ်လွယ်ကူကူ စိတ်ကြိုက်ရွေးချယ်မှာယူနိုင်မှာဖြစ်ပါတယ်။

အဆိုပါ မိတ်ဆက်ပွဲအခမ်းအနားအား ရန်ကုန်မြို့၊ Times City outdoor area တွင် ကျင်းပခဲ့ပြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုဥက္ကဌ ဆရာဦးသောင်းတင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးတင်လတ်၊ စားသုံးသူရေးရာဌာန ညွှန်ကြားရေးမှူး ဗိုလ်ကြီးကျော်ကျော်လွင်၊ အနုပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စာနယ်ဇင်းများနှင့် ရာပေါင်းများစွာသော ပရိသတ်များ တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် စားသောက်ဆိုင်ပေါင်း ၂၀ ကျော်မှ ဈေးဆိုင်တန်းများ ဖွင့်လှစ်ရောင်းချခဲ့ကြသည်အပြင် စိတ်လှုပ်ရှားဖွယ် ဂိမ်းအစီအစဉ်များ၊ နာမည်ကျော် အဆိုတော်များ ဖြစ်ကြသည့် လွှမ်းပိုင်၊ Bobby Soxer၊ X Boxin၊ မေရီနှင့် Paul Austin တို့၏ ဖျော်ဖြေတင်ဆက်မှုများလည်း ပါဝင်ခဲ့ပါတယ်။

“foodpanda က ရိုးရှင်းပြီး အသုံးပြုရလွယ်ကူတဲ့ ပလက်ဖောင်းတစ်ခုဖြစ်တဲ့အတွက် မှာယူအားပေးသူတွေ အနေနဲ့ ဘယ်အချိန်ဘယ်နေရာကနေပဲဖြစ်ဖြစ် သူတို့ ကြိုက်နှစ်သက်တဲ့ အစားအသောက်တွေကို အလွယ်တကူ မှာယူသွားနိုင်မှာ ဖြစ်ပါတယ်” ဟု foodpanda ၏ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ အမှုဆောင်အရာရှိချုပ် Jakob Sebastian Angele မှ ပြောကြားခဲ့ပါတယ်။ “foodpanda လုပ်ငန်းကိုပိုမိုကြီးထွားလာဖို့တည်ဆောက်တဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က မြန်မာနိုင်ငံကစားသုံးသူတွေနဲ့ မိတ်ဖက်ပါတနာတွေအတွက် အဆင့်အမြင့်ဆုံး နည်းပညာတွေ၊ ဖန်တီးမှုတွေနဲ့အတူ အကောင်းဆုံအစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံက foodpanda အတွက် အရေးပါတဲ့ဈေးကွက် တစ်ခု ဖြစ်လာမှာဖြစ်ပါတယ်” ဟုလည်းထပ်လောင်းပြောကြားခဲ့ပါတယ်။

ယခုအချိန်တွင် ရန်ကုန်မြို့တွင် နေထိုင်သူများသည် foodpanda ရဲ့ ဝန်ဆောင်မှုများနှင့်အတူ အမျိုးအစား စုံလင်လှသော စားသောက်ဖွယ်ရာများအား မိတ်ဆွေများ၊ မိသားစုများနှင့် သို့မဟုတ် တစ်ဦးတည်းသီးသန့် သုံးဆောင်နိုင်ရန် ၎င်းတို့၏ နေအိမ်များ၊ ရုံးခန်းများ အပါအဝင်ပို့စေလိုသော နေရာများသို့ အချိန်မရွေး၊ နေရာမရွေး အချိန်တိုအတွင်း အဆင်ပြေလွယ်ကူစွာ မှာယူသွားနိုင်မှာဖြစ်ပါတယ်။ ထို့အပြင် foodpanda ဟာ စားသောက်ဖွယ်ရာများအား မည်သည့်ပမာဏ မှာယူသည်ဖြစ်စေ ပို့ဆောင်ခ အခမဲ့ (free delivery) ဝန်ဆောင်မှု ကိုလည်း ပေးအပ်ထားသည့်အတွက် မှာယူအားပေးသူများအတွက် ပိုမိုအဆင်ပြေလွယ်ကူပြီးသက်သက်သာသာ မှာယူနိုင်မည် ဖြစ်ပြီး မှာယူထားတဲ့ စားသောက်ဖွယ်ရာများအား အချိန်တိုအတွင်း အမြန်ဆုံး မှာယူသူများ၏ လက်ထဲသို့အရောက် ပို့ဆောင်ပေးသွားမည် ဖြစ်ပါတယ်။

အာရှ ပစိဖိတ်ဒေသအတွင်း အကောင်းမွန်ဆုံးသော စားသောက်ဖွယ်ရာ များအား မှာယူသူများထံ ပို့ဆောင်ပေးရန် ဟူသည့် ရည်ရွယ်ချက်အား လက်စွဲထားသည့် foodpanda အတွက် မြန်မာနိုင်ငံသည် ၁၀ ခု မြောက် ဈေးကွက်ဖြစ်လာခဲ့ပြီး ရန်ကုန်မြို့ရှိ စားသောက်ဆိုင်များနှင့် ပြည်သူလူထု များအတွက် အကောင်းဆုံးအစားအသောက် ပို့ဆောင်ရေး ဝန်ဆောင်မှုကိုပေးနိုင်မည်ဖြစ်သည်။

“foodpanda အနေနဲ့ မှာယူအားပေးသူတွေရဲ့ အစားသောက်ကို လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေး စားသောက်လိုကြတယ်ဆိုတဲ့ ဆန္ဒကို အမြဲတမ်း အလေးထားပြီးလုပ်ဆောင်ကာ အစားအသောက် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုအပေါ် လူတွေရဲ့ အမြင်နဲ့ ခံစားချက်ကို ပြောင်းလဲနိုင်ဖို့ ဆောင်ရွက်နေပါတယ်။” ဟု မြန်မာနိုင်ငံ၏ Managing Director ကို‌ဇေယျာမင်းမှ ပြောကြားခဲ့ပါတယ်။ “ဘယ်လို အစားအသောက်မျိုးကိုပဲမှာယူသည်ဖြစ်စေ ကျွန်တော်တို့အနေနဲ့ မှာယူအားပေးသူတွေရဲ့ လိုအပ်ချက်တွေကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်သွားမှာပါ ” ဟု ထပ်လောင်းပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ထိပ်တန်း အွန်လိုင်း အစားအသောက် ပို့ဆောင်ရေးဝန်ဆောင်မှု တစ်ခု ဖြစ်တဲ့ Delivery Hero ၏ ကုမ္ပဏီခွဲ ဖြစ်သော foodpanda ဟာ ကမ္ဘာတစ် ဝန်းရှိ မှာယူအားပေးသူများ အတွက် ပြည်တွင်းစားသောက်ဆိုင်များမှ အမျိုးအစား စုံလင်လှသော စားသောက်ဖွယ်ရာများအား အဆင်ပြေလွယ်ကူမှု အပြည့်ဖြင့် ပို့ဆောင်ပေးလျက် ရှိပါတယ်။ စတင်တည်ထောင်ချိန်မှစ၍ ယခုလက်ရှိတွင် foodpanda ဟာ ကမ္ဘာတစ်ဝန်း အာရှနိုင်ငံပေါင်း ၁၁ နိုင်ငံနှင့် ဥရောပတိုက် အလယ်ပိုင်းနိုင်ငံများ (ဟောင်ကောင်၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ ပါကစ္စတန်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ရိုမေးနီးယားနှင့် ဘူဂေးရီးယား)၊ မြို့ကြီးပေါင်း ၃၀၀ ကျော်ရှိ မိတ်ဖက် စားသောက်ဆိုင်ပေါင်း ၁၀၀,၀၀၀ ကျော်နှင့် လက်တွဲ၍ အစားအသောက် သယ်ယူပို့ဆောင်ရေးကို ဝန်ဆောင်မှုပေးလျက် ရှိပါတယ်။

အစားအသောက် မှာယူပုံအဆင့်

အစားအသောက်မှာယူလိုသူများအနေနဲ့ foodpanda ရဲ့ ဝက်ဘ်ဆိုဒ် သို့မဟုတ် iOS နှင့် Andriod အက်ပလီကေးရှင်းများမှတစ်ဆင့် မိမိလက်ရှိတည်နေရာကို ထည့်သွင်းပြီး အနီးအနားတွင် တည်ရှိသည့် မှာယူနိုင်သော စားသောက်ဆိုင်စာရင်းများကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ မိမိမှာယူလိုသော အစားအသောက်ကို ရွေးချယ်ပြီးပါက ပို့ဆောင်စေလိုသောရုံး သို့မဟုတ် အိမ်လိပ်စာသို့ အိမ်အရောက်ငွေချေစနစ်ဖြင့် လွယ်ကူသက်သာစွာ မှာယူနိုင်ပါတယ်။ မှာယူမှု ပြီးသွားသည်နှင့် တစ်ပြိုင်နက် စားသောက်ဆိုင်မှ မိမိမှာယူလိုက်သော အစားအသောက်ကို ဂရုတစိုက် ပြင်ဆင်ပေးမှာဖြစ်ပြီး foodpanda rider မှ အစားအသောက်များကို မိမိမှာယူထားသော လိပ်စာသို့ အရောက်ပို့ဆောင်ပေးမည်ဖြစ်ပါတယ်။

အစားအသောက်မှာယူခြင်းကို အစားအစာသက်သက်သုံးဆောင်ခြင်းမဟုတ်ပဲ မှာယူသည့်အတွေ့အကြုံတစ်ခု လုံးအကောင်းဆုံးဖြစ်စေရန် foodpanda ကမှာယူသည့်အဆင့်များကို ရိုးရှင်းလွယ်ကူအောင်ပြုလုပ်ထားပါတယ်။ အသုံးပြုသူများသည် စားသောက်ဆိုင်တိုင်း၏ အရောင်းရဆုံး အစားအစာများကို လွယ်လွယ်ကူကူ သိရှိနိုင်ပြီး မိမိစိတ်ကြိုက် အစားအသောက်များကို မြန်မြန်ဆန်ဆန် မှာယူနိုင်မည်ဖြစ်ပါတယ်။ ယခုလက်ရှိ ရန်ကုန်မြို့တွင် စားသောက်ဆိုင်ပေါင်း ၁၀၀၀ ကျော်နှင့် ချိတ်ဆက်ထားပြီး နေ့စဉ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ မှာယူသုံးဆောင်နိုင်ပါပြီ။ သင့်ရဲ့ ပထမဆုံး foodpanda မှအစားအသောက်မှာယူမှုအတွေ့အကြုံကို ရရှိခံစားနိုင်ရန် အက်ပလီကေးရှင်းကို ဒေါင်းလုဒ်ဆွဲ၍သော်လည်းကောင်း www.foodpanda.com.mm မှတစ်ဆင့် သော်လည်းကောင်းမှာယူနိုင်မှာဖြစ်ပါတယ်။

[Zawgyi]

ႏိုင္ငံတကာတြင္ လူႀကိဳက္မ်ားထင္ရွားတဲ့ အြန္လိုင္းအစားအေသာက္ သယ္ယူပို႔ေဆာင္ေရး ဝန္ေဆာင္မႈလုပ္ငန္း foodpanda အား ခမ္းနားႀကီးက်ယ္လွေသာ ဖြင့္ပြဲအခမ္းအနားႏွင့္အတူ ျမန္မာႏိုင္ငံတြင္ ယေန႔မိတ္ဆက္ခဲ့ပါတယ္။ foodpanda ဟာ ျမန္မာႏိုင္ငံ၏ စီးပြားေရးၿမိဳ႕ေတာ္ျဖစ္တဲ့ ရန္ကုန္ၿမိဳ႕တြင္ ဝန္ေဆာင္မႈမ်ားအား စတင္ေပးအပ္သြားမွာျဖစ္ၿပီး စားေသာက္ဆိုင္ေပါင္း ၁,၀၀၀ ေက်ာ္မွ စားေသာက္ဖြယ္ရာမ်ားအား မွာယူသူမ်ားထံသို႔ အခ်ိန္တိုအတြင္း အဆင္ေျပလြယ္ကူစြာျဖင့္ အေရာက္ ပို႔ေဆာင္ေပးသြားမည္ ျဖစ္ပါတယ္။

စားသုံးသူမ်ားအေနႏွင့္ KFC, Pizza Hut, Marrybrown, Gong Cha, Pezzo Pizza, Cafe Amazon, The Manhattan Fish Market, Pizza Maru, Cheese O’Tea, Tom & Toms coffee အပါအဝင္ႏိုင္ငံတကာတြင္ လူႀကိဳက္မ်ားေက်ာ္ၾကားေသာ စားေသာက္ဆိုင္မ်ားအျပင္ ရန္ကုန္ၿမိဳ႕တြင္း လူႀကိဳက္မ်ားေက်ာ္ၾကားေသာ ျပည္တြင္းစားေသာက္ဆိုင္မ်ားျဖစ္တဲ့ YKKO၊ တင့္တင့္ျမန္မာ၊ ရန္ကုန္တီးေဟာက္စ္၊ ရွမ္း႐ိုးရာ၊ The Pansodan၊ Mr.Chef တို႔အပါအဝင္ အျခားစားေသာက္ဆိုင္မ်ားမွ အစားအေသာက္မ်ားကို လြယ္လြယ္ကူကူ စိတ္ႀကိဳက္ေ႐ြးခ်ယ္မွာယူႏိုင္မွာျဖစ္ပါတယ္။

အဆိုပါ မိတ္ဆက္ပြဲအခမ္းအနားအား ရန္ကုန္ၿမိဳ႕၊ Times City outdoor area တြင္ က်င္းပခဲ့ၿပီး ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ ဒုဥကၠဌ ဆရာဦးေသာင္းတင္၊ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉး ဦးတင္လတ္၊ စားသုံးသူေရးရာဌာန ၫႊန္ၾကားေရးမႉး ဗိုလ္ႀကီးေက်ာ္ေက်ာ္လြင္၊ အႏုပညာရွင္မ်ား၊ ဖိတ္ၾကားထားေသာ ဧည့္သည္ေတာ္မ်ား၊ စာနယ္ဇင္းမ်ားႏွင့္ ရာေပါင္းမ်ားစြာေသာ ပရိသတ္မ်ား တက္ေရာက္ခဲ့ၾကပါတယ္။ အဆိုပါ ဖြင့္ပြဲအခမ္းအနားတြင္ စားေသာက္ဆိုင္ေပါင္း ၂၀ ေက်ာ္မွ ေဈးဆိုင္တန္းမ်ား ဖြင့္လွစ္ေရာင္းခ်ခဲ့ၾကသည္အျပင္ စိတ္လႈပ္ရွားဖြယ္ ဂိမ္းအစီအစဥ္မ်ား၊ နာမည္ေက်ာ္ အဆိုေတာ္မ်ား ျဖစ္ၾကသည့္ လႊမ္းပိုင္၊ Bobby Soxer၊ X Boxin၊ ေမရီႏွင့္ Paul Austin တို႔၏ ေဖ်ာ္ေျဖတင္ဆက္မႈမ်ားလည္း ပါဝင္ခဲ့ပါတယ္။

“foodpanda က ႐ိုးရွင္းၿပီး အသုံးျပဳရလြယ္ကူတဲ့ ပလက္ေဖာင္းတစ္ခုျဖစ္တဲ့အတြက္ မွာယူအားေပးသူေတြ အေနနဲ႔ ဘယ္အခ်ိန္ဘယ္ေနရာကေနပဲျဖစ္ျဖစ္ သူတို႔ ႀကိဳက္ႏွစ္သက္တဲ့ အစားအေသာက္ေတြကို အလြယ္တကူ မွာယူသြားႏိုင္မွာ ျဖစ္ပါတယ္” ဟု foodpanda ၏ အာရွ-ပစိဖိတ္ ေဒသဆိုင္ရာ အမႈေဆာင္အရာရွိခ်ဳပ္ Jakob Sebastian Angele မွ ေျပာၾကားခဲ့ပါတယ္။ “foodpanda လုပ္ငန္းကိုပိုမိုႀကီးထြားလာဖို႔တည္ေဆာက္တဲ့ ေနရာမွာ ကြၽန္ေတာ္တို႔ရဲ႕ရည္႐ြယ္ခ်က္က ျမန္မာႏိုင္ငံကစားသုံးသူေတြနဲ႔ မိတ္ဖက္ပါတနာေတြအတြက္ အဆင့္အျမင့္ဆုံး နည္းပညာေတြ၊ ဖန္တီးမႈေတြနဲ႔အတူ အေကာင္းဆုံအစားအေသာက္ပို႔ေဆာင္ေရး ဝန္ေဆာင္မႈေတြ ေပးအပ္ႏိုင္ဖို႔ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံက foodpanda အတြက္ အေရးပါတဲ့ေဈးကြက္ တစ္ခု ျဖစ္လာမွာျဖစ္ပါတယ္” ဟုလည္းထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

ယခုအခ်ိန္တြင္ ရန္ကုန္ၿမိဳ႕တြင္ ေနထိုင္သူမ်ားသည္ foodpanda ရဲ႕ ဝန္ေဆာင္မႈမ်ားႏွင့္အတူ အမ်ိဳးအစား စုံလင္လွေသာ စားေသာက္ဖြယ္ရာမ်ားအား မိတ္ေဆြမ်ား၊ မိသားစုမ်ားႏွင့္ သို႔မဟုတ္ တစ္ဦးတည္းသီးသန႔္ သုံးေဆာင္ႏိုင္ရန္ ၎တို႔၏ ေနအိမ္မ်ား၊ ႐ုံးခန္းမ်ား အပါအဝင္ပို႔ေစလိုေသာ ေနရာမ်ားသို႔ အခ်ိန္မေ႐ြး၊ ေနရာမေ႐ြး အခ်ိန္တိုအတြင္း အဆင္ေျပလြယ္ကူစြာ မွာယူသြားႏိုင္မွာျဖစ္ပါတယ္။ ထို႔အျပင္ foodpanda ဟာ စားေသာက္ဖြယ္ရာမ်ားအား မည္သည့္ပမာဏ မွာယူသည္ျဖစ္ေစ ပို႔ေဆာင္ခ အခမဲ့ (free delivery) ဝန္ေဆာင္မႈ ကိုလည္း ေပးအပ္ထားသည့္အတြက္ မွာယူအားေပးသူမ်ားအတြက္ ပိုမိုအဆင္ေျပလြယ္ကူၿပီးသက္သက္သာသာ မွာယူႏိုင္မည္ ျဖစ္ၿပီး မွာယူထားတဲ့ စားေသာက္ဖြယ္ရာမ်ားအား အခ်ိန္တိုအတြင္း အျမန္ဆုံး မွာယူသူမ်ား၏ လက္ထဲသို႔အေရာက္ ပို႔ေဆာင္ေပးသြားမည္ ျဖစ္ပါတယ္။

အာရွ ပစိဖိတ္ေဒသအတြင္း အေကာင္းမြန္ဆုံးေသာ စားေသာက္ဖြယ္ရာ မ်ားအား မွာယူသူမ်ားထံ ပို႔ေဆာင္ေပးရန္ ဟူသည့္ ရည္႐ြယ္ခ်က္အား လက္စြဲထားသည့္ foodpanda အတြက္ ျမန္မာႏိုင္ငံသည္ ၁၀ ခု ေျမာက္ ေဈးကြက္ျဖစ္လာခဲ့ၿပီး ရန္ကုန္ၿမိဳ႕ရွိ စားေသာက္ဆိုင္မ်ားႏွင့္ ျပည္သူလူထု မ်ားအတြက္ အေကာင္းဆုံးအစားအေသာက္ ပို႔ေဆာင္ေရး ဝန္ေဆာင္မႈကိုေပးႏိုင္မည္ျဖစ္သည္။

“foodpanda အေနနဲ႔ မွာယူအားေပးသူေတြရဲ႕ အစားေသာက္ကို လတ္လတ္ဆတ္ဆတ္ ပူပူေႏြးေႏြး စားေသာက္လိုၾကတယ္ဆိုတဲ့ ဆႏၵကို အၿမဲတမ္း အေလးထားၿပီးလုပ္ေဆာင္ကာ အစားအေသာက္ သယ္ယူပို႔ေဆာင္ေရး ဝန္ေဆာင္မႈအေပၚ လူေတြရဲ႕ အျမင္နဲ႔ ခံစားခ်က္ကို ေျပာင္းလဲႏိုင္ဖို႔ ေဆာင္႐ြက္ေနပါတယ္။” ဟု ျမန္မာႏိုင္ငံ၏ Managing Director ကို‌ေဇယ်ာမင္းမွ ေျပာၾကားခဲ့ပါတယ္။ “ဘယ္လို အစားအေသာက္မ်ိဳးကိုပဲမွာယူသည္ျဖစ္ေစ ကြၽန္ေတာ္တို႔အေနနဲ႔ မွာယူအားေပးသူေတြရဲ႕ လိုအပ္ခ်က္ေတြကို အေကာင္းဆုံး ျဖည့္ဆည္းေပးႏိုင္ဖို႔ ႀကိဳးပမ္းလုပ္ေဆာင္သြားမွာပါ ” ဟု ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

ကမာၻ႔ထိပ္တန္း အြန္လိုင္း အစားအေသာက္ ပို႔ေဆာင္ေရးဝန္ေဆာင္မႈ တစ္ခု ျဖစ္တဲ့ Delivery Hero ၏ ကုမၸဏီခြဲ ျဖစ္ေသာ foodpanda ဟာ ကမာၻတစ္ ဝန္းရွိ မွာယူအားေပးသူမ်ား အတြက္ ျပည္တြင္းစားေသာက္ဆိုင္မ်ားမွ အမ်ိဳးအစား စုံလင္လွေသာ စားေသာက္ဖြယ္ရာမ်ားအား အဆင္ေျပလြယ္ကူမႈ အျပည့္ျဖင့္ ပို႔ေဆာင္ေပးလ်က္ ရွိပါတယ္။ စတင္တည္ေထာင္ခ်ိန္မွစ၍ ယခုလက္ရွိတြင္ foodpanda ဟာ ကမာၻတစ္ဝန္း အာရွႏိုင္ငံေပါင္း ၁၁ ႏိုင္ငံႏွင့္ ဥေရာပတိုက္ အလယ္ပိုင္းႏိုင္ငံမ်ား (ေဟာင္ေကာင္၊ စင္ကာပူ၊ ထိုင္း၊ မေလးရွား၊ ပါကစၥတန္၊ ထိုင္ဝမ္၊ ဖိလစ္ပိုင္၊ ဘဂၤလားေဒ့ရွ္၊ လာအို၊ ျမန္မာ၊ ကေမာၻဒီးယား၊ ႐ိုေမးနီးယားႏွင့္ ဘူေဂးရီးယား)၊ ၿမိဳ႕ႀကီးေပါင္း ၃၀၀ ေက်ာ္ရွိ မိတ္ဖက္ စားေသာက္ဆိုင္ေပါင္း ၁၀၀,၀၀၀ ေက်ာ္ႏွင့္ လက္တြဲ၍ အစားအေသာက္ သယ္ယူပို႔ေဆာင္ေရးကို ဝန္ေဆာင္မႈေပးလ်က္ ရွိပါတယ္။

အစားအေသာက္ မွာယူပုံအဆင့္

အစားအေသာက္မွာယူလိုသူမ်ားအေနနဲ႔ foodpanda ရဲ႕ ဝက္ဘ္ဆိုဒ္ သို႔မဟုတ္ iOS ႏွင့္ Andriod အက္ပလီေကးရွင္းမ်ားမွတစ္ဆင့္ မိမိလက္ရွိတည္ေနရာကို ထည့္သြင္းၿပီး အနီးအနားတြင္ တည္ရွိသည့္ မွာယူႏိုင္ေသာ စားေသာက္ဆိုင္စာရင္းမ်ားကို ေတြ႕ျမင္ႏိုင္မွာျဖစ္ပါတယ္။ မိမိမွာယူလိုေသာ အစားအေသာက္ကို ေ႐ြးခ်ယ္ၿပီးပါက ပို႔ေဆာင္ေစလိုေသာ႐ုံး သို႔မဟုတ္ အိမ္လိပ္စာသို႔ အိမ္အေရာက္ေငြေခ်စနစ္ျဖင့္ လြယ္ကူသက္သာစြာ မွာယူႏိုင္ပါတယ္။ မွာယူမႈ ၿပီးသြားသည္ႏွင့္ တစ္ၿပိဳင္နက္ စားေသာက္ဆိုင္မွ မိမိမွာယူလိုက္ေသာ အစားအေသာက္ကို ဂ႐ုတစိုက္ ျပင္ဆင္ေပးမွာျဖစ္ၿပီး foodpanda rider မွ အစားအေသာက္မ်ားကို မိမိမွာယူထားေသာ လိပ္စာသို႔ အေရာက္ပို႔ေဆာင္ေပးမည္ျဖစ္ပါတယ္။

အစားအေသာက္မွာယူျခင္းကို အစားအစာသက္သက္သုံးေဆာင္ျခင္းမဟုတ္ပဲ မွာယူသည့္အေတြ႕အႀကဳံတစ္ခု လုံးအေကာင္းဆုံးျဖစ္ေစရန္ foodpanda ကမွာယူသည့္အဆင့္မ်ားကို ႐ိုးရွင္းလြယ္ကူေအာင္ျပဳလုပ္ထားပါတယ္။ အသုံးျပဳသူမ်ားသည္ စားေသာက္ဆိုင္တိုင္း၏ အေရာင္းရဆုံး အစားအစာမ်ားကို လြယ္လြယ္ကူကူ သိရွိႏိုင္ၿပီး မိမိစိတ္ႀကိဳက္ အစားအေသာက္မ်ားကို ျမန္ျမန္ဆန္ဆန္ မွာယူႏိုင္မည္ျဖစ္ပါတယ္။ ယခုလက္ရွိ ရန္ကုန္ၿမိဳ႕တြင္ စားေသာက္ဆိုင္ေပါင္း ၁၀၀၀ ေက်ာ္ႏွင့္ ခ်ိတ္ဆက္ထားၿပီး ေန႔စဥ္ မနက္ ၈ နာရီမွ ည ၁၀ နာရီအထိ မွာယူသုံးေဆာင္ႏိုင္ပါၿပီ။ သင့္ရဲ႕ ပထမဆုံး foodpanda မွအစားအေသာက္မွာယူမႈအေတြ႕အႀကဳံကို ရရွိခံစားႏိုင္ရန္ အက္ပလီေကးရွင္းကို ေဒါင္းလုဒ္ဆြဲ၍ေသာ္လည္းေကာင္း www.foodpanda.com.mm မွတစ္ဆင့္ ေသာ္လည္းေကာင္းမွာယူႏိုင္မွာျဖစ္ပါတယ္။