အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပြုလုပ်ရလွယ်ကူပြီး အရသာရှိတဲ့ ချိစ်ပီဇာ ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပေါင်မုန့်ဂျုံမှုန့် ၄၀၀ ဂရမ်
  • ဆား လက်ဖ်ကရည်ဇွန်း ၂ ဇွန်း
  • တဆေး လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၁၉ ဇွန်း
  • သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • ပီဇာဆော့စ် စားပွဲတင်ဇွန်း ၂၄ ဇွန်း
  • Mozzarella ချိစ် ၁၂ အောင်စ
  • အချောင်းလိုက် လှီးဖြတ်ထားသော Parmesan ချိစ် ၂ အောင်စ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဇလုံအကြီးတစ်လုံးထဲတွင် ဂျုံမှုန့်၊ ဆား၊ တဆေး၊ ရေနှင့် ဆီတို့ကို သမအောင် ရောနယ်လိုက်ပါ။

၂။ ထို့နောက် ဇလုံကို ပလပ်စတစ်ဖြင့် ပိတ်လှောင်ပြီးနောက် ၈ နာရီမှ ၂၄ နာရီအထိ နှပ်ထာားလိုက်ပါ။

၃။ သတ်မှတ်ချိန်ပြည့်အောင် နှပ်ထားပြီးတဲ့အခါမှာတော့ ဂျုံလုံးက ပွလာပါလိမ့်မယ်။ ထိုအခါ ဂျုံလုံးမျက်နှာပြင်ကို ဂျုံမှုန့် အနည်းငယ်ဖြင့် ဖြူးပေးလိုက်ပါ။

ထို့နောက် ဂျုံလုံးကို ၂ ပိုင်း အညီအမျှ လှီးဖြတ်လိုက်ပါ။ ထို့နောက် ဂျုံလုံးက တင်းတင်းရင်းရင်းလေးနဲ့ လုံးလုံးလေးဖြစ်သွားသည်အထိ လှိမ့်ကာ လုံးပေးလိုက်ပါ။

၄။ ထို့နောက် ၁၀ လက်မအရွယ်အစားရှိ ဒယ်အိုးကို ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် သုတ်လိမ်းလိုက်ပါ။ ထို့နောက် ဂျုံလုံး ၁ လုံးထည့်ကာ ပြားအောင် ဖိပေးလိုက်ပါ။

တစ်ဖန်ဒယ်အိုးကို ပလပ်စတစ်ဖြင့် အုပ်ပြီးနောက် ၂ နာရီခန့် ထားထားလိုက်ပါ။

(၁ နာရီပြည့်ပြီးနောက်မှာတော့ Oven ကို ၅၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားလိုက်ပါ)

၅။ ၂ နာရီပြည့်တဲ့အခါမှာတော့ ဂျုံပြားက ဒယ်အိုးအပြည့် ဖြစ်သွားအောင်လို့ လက်ချောင်းများဖြင့် ဖြန့်ကျက်ပေးလိုက်ပါ။

၆။ ထို့နောက် ဂျုံပြားမျက်နှာပြင်ပေါ်သို့ ပီဇာဆော့စ်များ ဆမ်းပေးလိုက်ပါ။ Mozzarella ချိစ်နှင့် ဆားတို့ ဖြူးထည့်ပေးလိုက်ပါ။ (မိမိကြိုက်နှစ်သက်ရာ အခြားသော Toppings များလည်း ထပ်ထည့်နိုင်ပါတယ်)

မိမိကြိုက်နှစ်သက်ရာ Toppings များနဲ့ အလှဆင်ပြီးတဲ့နောက်မှာတော့ သံလွင်ဆီ ဆမ်းထည့်လိုက်ပါ။

၇။ ထို့နောက် ထိုဒယ်အိုးကို Oven ထဲထည့်ပြီး ၁၂ မိနစ်၊ ၁၅ မိနစ်ခန့် ထည့်ကာ အပူပေးထားလိုက်ပါ။

Oven ထဲက ထုတ်ပြီးပြီးချင်းမှာပဲ Parmesan ချိစ်များ ချက်ချင်းဖြူးပေးလိုက်ပါ။

ထို့နောက် ပီဇာကို ဒယ်အိုးထဲက ထုတ်ပြီး စဉ်းနီတုံးပေါ် တင်ထားပါ။ ထို့နောက် ပီဇာဖြတ်စက်ဖြင့် လှီးဖြတ်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အိမ်လုပ်ပီဇာလေး ရရှိသွားပါပြီ။

ကျန်ရှိနေတဲ့ ဂျုံလုံးတစ်ခြမ်းကိုလည်း ထိုနည်းအတိုင်း ပြင်ဆင်ပြုလုပ်ပေးနိုင်ပါတယ်။

Source: Seriouseats.com