အာရပ်နိုင်ငံ စော်ဘွားများ ပြည်ထောင်စု (UAE) မှာရှိတဲ့ ကုန်စုံဆိုင် တစ်ဆိုင်က အချဉ်ရည်ပုလင်း Ketchup ပုလင်းပေါင်း ၈၈၃ ပုလင်းကို အသုံးပြုပြီး ၁၁ ပေမြင့်တဲ့ တာဝါကို ဆောက်လုပ်ခဲ့ပါတယ်။
Heinz ကုမ္ပဏီနဲ့ပူးပေါင်းပြီး အခုလို Ketchup တာဝါကို တည်ဆောက်တာဖြစ်ပါတယ်။
လူပေါင်း ၅၂ ယောာက်က ၄၈ နာရီကြာ တည်ဆောက်ပြီးတဲ့အချိန်မှာတော့ ကမ္ဘာ့ ဂရင်းနစ် စံချိန် ဝင်ခဲ့ပါတယ်။
ဒါပေမယ့် “Edchup” လို့ တာဝါမှာ နာမည်တပ်ထားပါတယ်။
ဘာကြောင့်လဲဆိုတော့ Heinz ပုလင်းတွေ စီဖို့ လုပ်အားပေးကြသူအများစုက ပေါ့ပ်အဆိုတော် Ed Sherran ရဲ့ပရိသတ်တွေဖြစ်ပါတယ်။
အခု တာဝါရဲ့ အရွယ်အစား အသေးစားကိုတော့ Abu Dhabi မြို့ရဲ့ Mall of Emirates ၊ City Center Ajman နှင့် Marina Mall တို့မှာ ပြသထားပါတယ်။
Source: UPI





