ဝက်ဆိုဒ် တစ်ခုက “Starbucks” ကော်ဖီစွဲနေသူများကို ၁ လအတွင်း Starbucks ကော်ဖီ မသောက်ဘဲ ဒေသတွင်း ကော်ဖီဆိုင်မှာ ကော်ဖီ သောက်ရင် ဒေါ်လာ ၁ ထောင်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။
“အရသာရှိတဲ့ ကော်ဖီကို ပိုက်ဆံ ယူပြီး သောက်လိုက်ပါ” လို့ ကြေညာထားပါတယ်။
Business.org ဝက်ခ်ဆိုဒ်က “ရွေးချယ်ခံရပြီဆိုရင် ဒေသတွင်း ကော်ဖီဆိုင်တွေကို သောက်ခဲ့တဲ့ သင့်ရဲ့ အတွေ့အကြုံ၊ ဈေးနှုန်း၊ အကျိုးကျေးဇူး၊ သင့် နေ့စဉ် ကော်ဖီ သောက်တဲ့ စတိုင်လ်၊ ဒေသတွင်း တခြား ကော်ဖီကို ရွေးချယ်သင့်တဲ့ အကြောင်းအရင်း တို့ကို စာတမ်းပြန်တင်ရပါမယ်” လို့ ရေးထားပါတယ်။
Busienss.org က “Starbucks ကို ကျွမ်းကျင်ပြီး Starbucks ကော်ဖီ မသောက်ရရင် မနေနိုင်သူများကို ရှာဖွေနေတယ်”လို့ ရေးသားထားပါတယ်။
ရွေးချယ်ခံရတဲ့ ကော်ဖီ ကြိုက်နှစ်သက်သူတွေက ဒေသတွင်းမှာရှိတဲ့ ကော်ဖီဆိုင် ၈ ဆိုင်ကို သွားရမှာဖြစ်ပြီး သွားတဲ့ ဓာတ်ပုံတွေကိုလည်း ပြန်တင်ပြရမှာဖြစ်ပါတယ်။
သူတို့ရဲ့ အတွေ့အကြုံတွေကို စာတမ်း ပြန်ရေးတင်ပေးရမှာဖြစ်သလို Post ပြန်တင်ရမှာလည်း ဖြစ်ပါတယ်။
လျှောက်လွှာများကို စက်တင်ဘာလ ၃၀ ရက်နေ့မှာ စတင်လက်ခံကြမှာဖြစ်ပါတယ်။
Source: UPI





