အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ရေခဲချောင်း ကြိုက်နှစ်သက်သူများအတွက် ဆေးဖက်ဝင်တဲ့ Smoothie ရေခဲချောင်း ပြင်ဆင်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နွားနို့ စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ဟင်းနုနွယ် ပန်းကန်လုံး ၁ လုံးစာ (၃၀ ဂရမ်)
  • နံနံပင် စားပွဲတင်ဇွန်း ၄ ဇွန်း (၇ ဂရမ်)
  • ငှက်ပျောသီး ၁ လုံး
  • ကီဝီသီး ၂ လုံး

  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • အချောင်းလိုက် ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ နွားနို့၊ ဟင်းနုနွယ်နှင့် နံနံပင်တို့ကို ဖျော်စက်ထဲထည့်ကာ သမအောင် မွှေဖျော်ပေးလိုက်ပါ။ ထို့နောက် ငှက်ပျောသီး၊ ကီဝီသီး ၁ လုံး၊ ပျားရည်နှင့် ဂျင်းတို့ထည့်ပြီး သမအောင် ထပ်မွှေပေးလိုက်ပါ။

၂။ ထို့နောက် အရသာမြည်းကြည့်ပြီးနောက် လိုအပ်ပါက ပျားရည်ထပ်ထည့်နိုင်ပါတယ်။ ကျန်ရှိနေတဲ့ ကီဝီသီးတစ်လုံးကိုတော့ အခွံခွာပြီး ပါးပါးလှီးထားရပါမယ်။

၃။ ရေခဲချောင်းပြုလုပ်မယ့် ပုံစံခွက်ထဲသို့ ပါးပါးလှီးထားသော ကီဝီသီး ၁ ချပ် (သို့) ၂ ချပ်စီ ထည့်ထားပါ။ ထို့နောက် Smoothie ဖျော်ရည်လေးများကို ပုံစံခွက်ထဲသို့ လောင်းထည့်လိုက်ပါ။ ထို့နောက် ရေခဲချောင်းတုတ်တံလေးကို အလယ်တည့်တည့်တွင် ထိုးတည့်ပြီးနောက် ရေခဲသေတ္တာအအေးခန်းထဲတွင် အနည်းဆုံး ၆ နာရီခန့် အအေးခံထားလိုက်ပါ။

၄။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ရေခဲချောင်းပုံစံခွက်ကို ရေနွေးနွေးထဲတွင် စိမ်ထားလိုက်ပါ။ ဒါဆိုရင်တော့ ရေခဲချောင်းများကို ပုံစံခွက်ထဲမှ အလွယ်တကူ ဆွဲထုတ်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာလည်းရှိ ဆေးဖက်လည်းဝင်တဲ့ Smoothie ရေခဲချောင်းလေး ရရှိသွားပါပြီ။

Source: Liveeatlearn.com