အစားမတော်တစ်လုပ် အသွားမတော်တစ်လှမ်းဆိုတဲ့ စကားအတိုင်း အစာအဆိပ်သင့်စေနိုင်တာကြောင့် တွဲဖက်မစားသင့်တဲ့ အစားအစာတွေ အများကြီးရှိပါတယ်။ မတည့်စာ စားမိမယ်ဆိုရင် အသက်အန္တရာယ်တောင် ဆုံးရှုံးနိုင်တာကြောင့် အစားအစာ စားသုံးတဲ့အခါ သတိနဲ့ယှဉ်ပြီး စားသုံးသင့်ပါတယ်။

အခုဖော်ပြပေးမယ့်အစားအစာတွေကတော့ အသက်အန္တရာယ်ထိခိုက်စေတဲ့အထိ ဆိုးဆိုးရွားရွားဖြစ်စေနိုင်တာမျိုးမဟုတ်ဘဲ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ အစာမကျေခြင်း၊ မအီမသာခံစားရခြင်း စတဲ့ ကျန်းမာရေးပြဿနာအသေးအဖွဲများ ခံစားရနိုင်ပါတယ်။ ဘယ်လိုအစားအစာတွေဖြစ်မလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်။

ချိစ် Sandwich နဲ့ ကော်ဖီ

မနက်စာ ပြင်ဆင်ဖို့ အချိန်မရတဲ့အခါ Sandwich နဲ့ ကော်ဖီကိုပဲ အလွယ်တကူပြင်ဆင်ပြီး စားသုံးကြတာများပါတယ်။ ဒါပေမဲ့ ဘာ့ကြောင့် ကော်ဖီနဲ့ Sandwich ကို တွဲဖက်မစားသုံးသင့်တာလဲ။

ပေါင်မုန့်ထဲမှာပါတဲ့ ကာဗိုဟိုက်ဒြိုက်ဓာတ်က ကယ်လဆီယမ်ဓာတ်ကို ကျေညက်စွာချေဖျက်ပေးနိုင်ဖို့အတွက် ကူညီပေးပြီး အာရုံကြောစနစ်နဲ့ သွေးလှည့်အင်္ဂါအဖွဲ့အစည်းများအတွက် အထောက်အကူဖြစ်စေပါတယ်။ ဒါပေမဲ့ ကော်ဖီနဲ့တွဲသောက်လိုက်တဲ့အခါမှာတော့ ထိုဓာတ်များအားလုံး ဓာတ်ပြယ်သွားပြီး ကျန်းမာရေးအတွက် အလဟဿဖြစ်သွားပါတယ်။ ဒါ့ကြောင့် ချိစ် Sandwich စားမယ်ဆိုရင် ကော်ဖီအစား လက်ဖက်ရည် (သို့) လက်ဖက်စိမ်းနဲ့ တွဲဖက်သောက်သုံးသင့်ပါတယ်။

ခရမ်းချဉ်သီးနဲ့ သခွားသီး

ထိုအသီးတစ်ခုချင်းစီမှာ ကျန်းမာရေးအတွက်ကောင်းကျိုးအမြောက်အမြားပေးနိုင်တဲ့ ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါပေမဲ့ ထိုဟင်းသီးဟင်းရွက်နှစ်ခုကို ရောသုပ်လိုက်တဲ့အခါမှာတော့ ဗီတာမင်ဓာတ်တွေက ကောင်းစွာမချေဖျက်နိုင်တော့ဘဲ ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အသုပ် သုပ်စားမယ်ဆိုရင် ခရမ်းချဉ်သီးနဲ့ သခွားသီးကို သပ်သပ်စီသုပ်စားသင့်ပါတယ်။

ဘီယာနဲ့ မြေပဲ

ဘီယာသောက်တဲ့အခါ အမြည်းအနေနဲ့ အငန်ဓာတ်ပါတဲ့ မြေပဲများ စားသုံးလေ့ရှိပါတယ်။ အငန်ဓာတ်များတဲ့အစားအစာတွေက ကျန်းမာရေးကို ထိခိုက်စေရုံသာမကဘဲ ရေဓာတ်လည်း ခမ်းခြောက်စေတာကြောင့် ဘီယာအများကြီး သောက်မိနေအောင် ပြုလုပ်နေတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အရက် ဘီယာသောက်တဲ့အခါ ရေဓာတ်ခမ်းခြောက်ခြင်းမှ ကာကွယ်ပေးဖို့အတွက် ရေနဲ့ ဆိုဒါတို့ ဆောင်ထားသင့်ပါတယ်။

နို့ထွက်ပစ္စည်းနဲ့ နာနတ်သီး

ချဉ်တဲ့သစ်သီးများက အစာချေစနစ် နှေးကွေးအောင် ပြုလုပ်နေတာပဲဖြစ်ပါတယ်။ အထူးသဖြင့် မနက်ပိုင်းမှာ စားသုံးမိရင် အစာချေစနစ်အတွက် မကောင်းပါဘူး။ ဒါ့အပြင် နာနတ်သီးမှာ Bromelain လို့ခေါ်တဲ့ အင်ဇိုင်းဒြပ်ပေါင်းတစ်မျိုးပါဝင်ပြီး နို့ထွက်ပစ္စည်းနဲ့ တွဲဖက်စားသုံးမိမယ်ဆိုရင် ထိုအင်ဇိုင်းဓာတ်က မူးဝေခြင်းကို ဖြစ်ပေါ်စေပါတယ်။

နွားနို့နဲ့ ငှက်ပျောသီး

ငှက်ပျောသီးစားရင်း နွားနို့သောက်သုံးခြင်းက ကျန်းမာစေပြီး အာဟာရဓာတ်ပြည့်ဝတယ်လို့ ယူဆကြတာကြောင့် လွယ်လွယ်ကူကူပဲ စားသုံးကြတာများပါတယ်။ ဒါပေမဲ့ အာဟာရကျွမ်းကျင်ပညာရှင်များရဲ့ ပြောကြားချက်အရ ချိုတဲ့သစ်သီးများက အစာချေစနစ်ကို နှေးကွေးပြီး ခန္ဓာကိုယ်ထဲတွင် အချိန်ကြာကြာရှိနေတာကြောင့် သပ်သပ်စီ စားသုံးသင့်ပါတယ်။ နွားနို့နဲ့ တွဲစားရင် အစာချေစနစ် ပိုနှေးသွားပါလိမ့်မယ်။ ဒါ့ကြောင့် သပ်သပ်စီ စားသုံးတာက အာဟာရဓာတ်များ မပျောက်မပျက်ဘဲ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်ပါတယ်။

Source: Brightside.me