သွားများ ကျန်းမာကြံ့ခိုင်ပြီး သွားပိုးစားခြင်း ကင်းဝေးဖို့အတွက် အစား စားပြီးတိုင်း ပလုတ်ကျင်းခြင်း၊ တစ်နေ့ နှစ်ကြိမ် သွားမှန်မှန်တိုက်ခြင်းတို့ကို ဂရုတစိုက်ပြုလုပ်ပေးရပါမယ်။ အချိုများတဲ့ အစားအစာများကို လျော့စားခြင်း၊ ပန်းသီး၊ စတော်ဘယ်ရီသီးကဲ့သို့ သွားကျန်းမာရေးအတွက် အထောက်အကူဖြစ်သော အစားအစာများ စားသုံးခြင်းတို့ ပြုလုပ်ပေးရပါမယ်။
တကယ်လို့ သင့်ရဲ့သွားကို အထက်ပါနည်းလမ်းတွေနဲ့ သေချာဂရုမစိုက်မိလိုက်ဘူးဆိုရင်တော့ သွားကိုက်ဝေဒနာကို ခံစားရနိုင်ပါတယ်။ သွားကိုက်ဝေဒနာက အလွန်အမင်း ခံစားရခက်တာကြောင့် မြန်မြန်ပျောက်ကင်းအောင် ကုသဖို့ လိုအပ်ပါတယ်။
အခုဖော်ပြပေးမယ့် အိမ်တွင်းဆေးနည်းတွေကို အသုံးပြုလိုက်မယ်ဆိုရင် ခံစားရတဲ့ဝေဒနာက ယူပစ်သလိုပျောက်ကွယ်သွားပါလိမ့်မယ်။
မာလကာရွက်
မာလကာရွက် လေး၊ ငါးရွက်ခန့်ကို ရေထဲ ထည့်ပြုတ်လိုက်ပါ။ ရေက ဆူပွက်လာပါက မာလကာရွက်များ ဖယ်ထုတ်လိုက်ပါ။ ရေက နွေးသွားပါက ဆားထည့်ပြီး ပလုတ်ကျင်းပေးလိုက်ပါ။
နောက်ထပ်တစ်နည်းကတော့ မာလကာရွက်နု နှစ်ရွက်ခန့်ကို ဝါးစားပေးလိုက်ပါ။ ခံစားရတဲ့ဝေဒနာ ပျောက်ကွယ်သွားပါလိမ့်မယ်။
ဒီနည်းလမ်းများကို တစ်နေ့ နှစ်ကြိမ်ခန့် ပြုလုပ်ပေးပါက သွားဖုံးယောင်ခြင်း၊ သွားကိုက်ခြင်းတို့ သက်သာသွားပါလိမ့်မယ်။ မာလကာရွက်ကို အလွယ်တကူမရရှိနိုင်ပါက ဟင်းနုနွယ်ရွက်ကိုလည်း အသုံးပြုနိုင်ပါတယ်။
သစ်ကြမ်းပိုးခေါက်
သစ်ကြမ်းပိုးခေါက် အမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်ကို ပျားရည် လက်ဖက်ရည်ဇွန်း ငါးဇွန်းနဲ့ သမအောင် ရောမွှေပေးလိုက်ပါ။ ရရှိလာတဲ့အနှစ်ကို နာကျင်နေတဲ့ သွားဖုံးနဲ့ သွားပေါ်မှာ ဖုံးအုပ်ထားပေးလိုက်ပါ။
ဒီနည်းလမ်းလေးကို တစ်နေ့ နှစ်ကြိမ်၊ သုံးကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူ တစ်မြွှာကို ပြားနေအောင် ထုထောင်းပြီးနောက် ဆားနဲ့ ရောနှောလိုက်ပါ။ ရရှိလာတဲ့အရောအနှောကို နာကျင်နေတဲ့နေရာပေါ် အုပ်ထားပေးလိုက်ပါ။
ဒီနည်းလမ်းကိုလည်း တစ်နေ့ နှစ်ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။ ကြက်သွန်ဖြူက သွားကိုက်စေတဲ့ ဘက်တီးရီးယားပိုးမွှားများကို ဖယ်ရှားပေးဖို့အတွက် ကူညီပေးနိုင်ပါတယ်။
ဆား
ရေနွေးနွေးလေး တစ်ဖန်ခွက်ထဲသို့ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်လိုက်ပါ။ ထိုဆားရည်ဖြင့် တစ်နေ့ သုံးကြိမ်၊ လေးကြိမ်ခန့် ပလုတ်ကျင်းပေးမယ်ဆိုရင် သွားကိုက်ဝေဒနာ သက်သာသွားပါလိမ့်မယ်။
ကြက်သွန်နီ
ကြက်သွန်နီကို အနေတော်အတုံး တုံးထားပြီးနောက် နာကျင်နေတဲ့နေရာပေါ်မှာ ကပ်ထားပေးလိုက်ပါ။ နှစ်မိနစ်ခန့် ကပ်ထားပေးရပါမယ်။ တစ်နေ့ကို နှစ်ကြိမ်ခန့် ကပ်ထားပေးမယ်ဆိုရင် သွားကိုက်စေတဲ့ ဘက်တီးရီးယားပိုးမွှားများကို ဖယ်ရှားပြီးသွားဖြစ်သွားပါတယ်။
Source: Stylecraze.com









