အမျိုးသမီးတွေအဖို့ အပျိုဖော်ဝင်ပြီးနောက်ပိုင်းမှာ ဓမ္မတာကြောင့် ကြွက်သားများ နာကျင်ကိုက်ခဲမှုဒဏ်ကို လစဉ်လတိုင်း အလူးအလဲခံစားကြရပါတယ်။ သားအိမ်နံရံက ကြွက်သားများ ကျုံ့ခြင်း၊ ဆွဲဆန့်သွားခြင်းတို့ကြောင့် ဓမ္မတာလာတိုင်း ကြွက်သားများ နာကျင်ရခြင်းဖြစ်ပါတယ်။
ထိုအချိန်မျိုးမှာ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းအပြင် ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်နေခြင်း၊ မူးဝေခြင်း၊ ကိုက်လက် မအီမသာဖြစ်ခြင်းတို့ပါ ပူးတွဲခံစားရလေ့ရှိပါတယ်။ စိတ်တို စိတ်ဆတ်လည်း လွယ်ပြီး အထိအရှမခံတဲ့အချိန်ဖြစ်တာကြောင့် ဝေဒနာများကို တတ်နိုင်သမျှ လျော့ချပေးနိုင်မယ့် ဆေးစွမ်းကောင်းလေးတွေကိုတော့ မဖြစ်မနေ သိထားသင့်ပါတယ်။
ဒိန်ချဉ်စားပါ
ဓမ္မတာလာပြီဆိုတာနဲ့ ဒိန်ချဉ် တစ်ဖန်ခွက်ခန့်ကို တစ်ရက် ၃ ကြိမ်၊ ၄ ကြိမ်ခန့် စားသုံးပေးလိုက်ပါ။ ဒ်ိန်ချဉ်ထဲမှာပါတဲ့ ဗီတာမင် ဒီနဲ့ ကယ်လ်စီယမ်ဓာတ်က ကြွက်သားနာကျင်မှုဝေဒနာကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
ရှားစောင်းလက်ပတ်ဖျော်ရည် သောက်ပါ
ရှားစောင်းလက်ပတ်ဖျော်ရည်ကိုတော့ ဓမ္မတာ မလာခင် ရက်အနည်းငယ်လောက်ကတည်းက တစ်ရက်တစ်ကြိမ်ခန့် ကြိုတင်သောက်သုံးပေးရပါမယ်။
သံပုယိုရည် သောက်ပါ
သံပုယိုသီး တစ်ခြမ်း၊ ရေ တစ်ဖန်ခွက် (၂၅၀ မီလီလီတာခန့်)နဲ့ ပျားရည်တို့ကို အသင့်ပြင်ဆင်ထားပါ။ ရေထဲသို့ သံပုယိုသီး တစ်ခြမ်း ညှစ်ထည့်ပေးလိုက်ပါ။ ထို့နောက် ပျားရည် ထပ်ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ရရှိလာတဲ့ဖျော်ရည်ကို မနက်စာ မစားခင်၊ ဗိုက်ထဲမှာ ဘာအစာမှ မရှိတဲ့အချိန်မှာ သောက်သုံးပေးလိုက်ပါ။
Green Tea ဖျော်ရည် သောက်သုံးပါ
ရေ ၂၅၀ မီလီလီတာထဲသို့ Green Tea လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး ဆူပွက်လာအောင် ကျိုလိုက်ပါ။ ၃ မိနစ်၊ ၅ မိနစ်ခန့်ကြာပြီး ပွက်ပွက်ဆူလာပါက လက်ဖက်အရွက်များကို စစ်ထုတ်ကာ Green Tea လက်ဖက်ရည်ကို ရယူလိုက်ပါ။
အတန်ငယ် အေးသွားပါက ပျားရည်အနည်းငယ်ထည့်ပြီး သောက်သုံးနိုင်ပါပြီ။ ထို Green Tea လက်ဖက်ရည်ကို တစ်နေ့ ၃ ကြိမ်၊ ၄ ကြိမ်ခန့် သောက်သုံးပေးမယ်ဆိုရင်တော့ ကိုက်ခဲမှုဝေဒနာများ သက်သာသွားပါလိမ့်မယ်။
ပက်ပါမင့် အဆီ လိမ်းပါ
ပက်ပါမင့် အဆီ ၃ စက်၊ ၄ စက်ခန့်ကို ဂျိုဂျိုးပါး အဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ရောနှောလိုက်ပါ။ ရရှိလာတဲ့အဆီကို ဝမ်းဗိုက်နဲ့ ခါးတစ်ဝိုက်မှာ လိမ်းကျံကာ ညင်သာစွာ နှိပ်နယ်ပေးလိုက်ပါ။ နာကျင်မှု သက်သာလာတဲ့အချိန်အထိ မကြာခဏ လိမ်းကျံပေးလို့ရပါတယ်။
Source: Stylecraze.com









